ဇာတ်သိမ်း(၃)(Completed)

39.9K 2.5K 91
                                    

"ယီ..... !! ရှုခင်းတွေ လျှောက်ကြည့်ဖို့အတွက်

အပြင်သွားရအောင်....''

ဒီနေ့ ခက်ခက်ခဲခဲနဲ့ နေ့တစ်ဝက်လေး အားလပ်ချိန်ရထားပါတယ် ။
ထျန်းယျန်ဟာ သူ့စိတ်ကူးကို အကောင်အထည်ဖော်တော့တာပဲ ။

"ဒီကောင်လေး.....ငါနဲ့ ယီနဲ့ စစ်တုရင်ထိုးနေတာကို

မမြင်ဘူးလား...?''

ယွန်ရှစ်ဇူဟာ အနက်ရောင် နယ်ရုပ်ကလေးကို
နေရာရွှေ့လိုက်ရင်း ခပ်အေးအေးပဲ သတိပေးလိုက်တယ် ။

"ဒီတစ်ပွဲပြီးအောင် စောင့်လိုက်နော်....ပြီးရင် သွားကြမယ်လေ..နော်..''

ဂျီယီဟာ ပါးနပ်စွာ ပြန်ပြောလိုက်တယ်။

"ဟုတ်တာပေါ့.... ရောက်လာတာနဲ့ သူ့သဘောချည်းပဲ...

ပြီးအောင် ထိုင်စောင့်မှပေါ့....ဒီမှာ လက်စမသတ်နိုင်သေးတာကို....''

ယွန်ရှစ်ဇူဟာ ခပ်တိုးတိုး မကြားတကြားလှမ်းပြောလိုက်တယ် ။

"ဝါး....!! ကစားတာအချိန်တွေတောင် အတော်ကြာသွားပြီပဲ....

ရေဆာလိုက်တာ.... ထျန်းယျန်ရေ....

ငါ့အတွက် ရေနွေးကြမ်းတစ်ခွက်လောက် သွားယူပေးကွာ...''

ထျန်းယျန်မျက်နှာဟာ စိတ်ရှုပ်မှုကြောင့် ရှုံ့တွသွားတယ် ။
အဖေဖြစ်သူကို မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်လိုက်တယ် ။
ဒါကိုမြင်တာနဲ့ ဂျီယီဟာ ကမန်းကတန်း ထလိုက်ပြီး
လှမ်းပြောလိုက်တယ်။

"အဖေ...!! ကျွန်တော် ထည့်ပေးမယ်လေ....

ထျန်းယျန်မှာက ခွက်ပဲရှိတာ....

ခဏစောင့်ပါနော်..... ကျွန်တော် သွားယူလိုက်မယ်... ''

ထွက်သွားတဲ့ ဂျီယီရဲ့ ကျောပြင်ကို တချက်စိုက်ကြည့်ရင်း
အဖေဖြစ်သူကို စိတ်ဆိုးမာန်ဆိုးနဲ့ လှမ်းမာန်လိုက်တယ် ။

"အဖေ....ဘာကြောင့် ယီကိုပဲ အမြဲခိုင်းနေရတာလဲ....?''

"ဟ...ငါ့ကောင်ရ....ငါမခိုင်းပါဘူး.....

ငါက မင်းကိုပဲ ခိုင်းတာပါ...

မင်းမသွားတော့ ယီတာဝန်ဖြစ်သွားတာပေါ့....''

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now