အခန်း(၁၀)(ဂ)

24.2K 1.9K 79
                                    



ဝမ်းနည်းနေတဲ့ စိတ်တွေကို တွန်းလှန်ရင်း
ထျန်းယျန်ရဲ့တားမြစ်စကားကို လျစ်လျူ ရှုကာ
အတင်းကိုပဲ ထျန်းယျန်ကို လိုက်ပို့ဖို့အတွက်
အခန်းအပြင်ဖက်ကို တာစူနေတယ် ။

"အရူးလေး..... ကိုယ်မင်းကို စနေတာပါ...

မထနဲ့လေ....ကိုယ်လက်တွေ နာနေအုံးမှာပေါ့....''

ထျန်းယျန်ကတော့ အချစ်သည်းနေတယ် ။

"စိုင်ဝေကလေ မင်းထင်နေသလို ကြောက်စရာကောင်းတဲ့

နေရာမဟုတ်ပါဘူးကွာ....

ပြီးတော့ ကိုယ်ပထမဆုံး ရောက်ဖူးတာလည်း မဟုတ်ပါဘူး.... ''

"အဲဒါဆိုလည်း ကောင်းပါပြီ.....ကျွန်တော် အစ်ကို့ကို

လိုက်ပို့ချင်လို့ပါ....''

ဂျီယီဟာ ခက်ခက်ခဲခဲနဲ့ ထထိုင်လိုက်တယ် ။
တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပေမယ့် ထျန်းယျန်ကို
သူနဲ့ အတတ်နိုင်ဆုံး မခွဲခွာစေချင်ဘူး ။

"ကောင်းပါပြီဗျာ.... !''

ထျန်းယျန်ဟာ အတင်းအကြပ် ထပ်ပြီးတော့ မပြောတော့ဘဲ
ကတိတစ်ခုသာ ထပ်တောင်းလိုက်တယ် ။

"ကိုယ်ထွက်သွားပြီးတာနဲ့ မင်းလည်း ကိုယ့်အခန်းကို

ပြန်ပြီး အနားယူရမယ်နော်....''

"ဒီလိုဆို အစ်ကိုလည်း ကျွန်တော့်ကို ကတိတစ်ခု

ပေးရမယ်....''

ဂျီယီဟာ အရှက်သည်းနေတာကြောင့် ရုတ်တရက် စကားထွက်မလာသေးဘူး ။
ခဏနေမှ စကားစထွက်လာတော့တယ် ။

"အစ်ကိုလည်း လမ်းခရီးမှာ ကိုယ့်ကိုယ်ကို သေချာဂရုစိုက်ပါ....

အရမ်းကြီး အပင်ပန်းမခံပါနဲ့....

ပြီးရင်.....ပြီးရင် ဘေးအန္တရာယ်ကင်းကင်းနဲ့

ကျွန်တော့်ဆီ ပြန်လာခဲ့ပါ..... ''

"ကောင်းပြီ....ကိုယ်ကတိပေးတယ်....''

ထျန်းယျန်ဟာ စိတ်ထဲမှာ နွေးထွေးပြီးတော့ အရမ်းကို
ပျော်ရွှင်နေတယ် ။

သူအတွက် တစ်ယောက်သောသူက စိုးရိမ်ပေးနေတယ်
ဆိုတဲ့ အသိက တကယ်ခံစားလို့ကောင်းတာပဲ...။
ရုတ်တရက် ထျန်းယျန်ဟာ ရှောင်ယီနဲ့ မခွဲချင်တော့ဘူး ။
အခု လက်ရှိအခြေအနေမှာတော့ သူဟာ ချစ်ဇနီးကို
အိမ်မှာ ထားခဲ့ပြီး ခရီးရှည်ကြီးကို ထွက်ခွာရမယ့်
စစ်သားတစ်ယောက်လိုမျိုး ကိုယ့်ကိုယ်ကို ခံစားနေရတယ်။

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now