ဇာတ်သိမ်း (၂)

22.3K 1.9K 58
                                    

သံသယကင်းကင်းနဲ့ အေးချမ်းခြင်းလား....?
ဟင့်အင်း.....သူနဲ့ ဝေးခဲ့တာ သိပ်ကြာခဲ့ပြီ......
ဂွမ်ဝေးကို စရောက်ကတည်းက ထျန်းယျန်နဲ့ တွေ့ပြီး
နောက်ပိုင်း ဒီလို အေးချမ်းတဲ့ စိတ်လေးတွေဟာ သူ့ဆီက ထွက်သွားတာ ကြာလှပေါ့......
အခု သူဟာ အလိုလောဘကြီးတဲ့လူတစ်ယောက်
ဖြစ်မှန်းမသိ ဖြစ်နေပြီ.....
သူ့ရဲ့အလိုဆန္ဒတွေဟာ သူ့ကို အတင်းအကျပ်
နှိပ်စက်နေလို့ သူဟာ ခြေကုန်လက်ပန်းကျကာ
မောပန်းနေခဲ့ပြီလေ........

"ဒီနေ့ ငါ မင်းကို ခေါ်လိုက်တာ ဘာကြောင့်လဲ သိလား...?''

ဂျီယီဟာ နည်းနည်းတော့ တုန်လှုပ်သွားပြီး
ခေါင်းကိုသာ ငုံ့ထားလိုက်တော့တယ် ။

"မသိပါဘူးခင်ဗျ.....ကျွန်တော့်ကို သွားစေချင်တာများလား...?''

ဂျီယီဟာ အားငယ်စွာ မေးလိုက်တယ်။

"............''

ယွန်ရှစ်ဇူဟာ ခဏတော့ ချီတုံချတုံ ဖြစ်နေသေးတယ် ။
ပြီးမှ ဆက်ပြောလိုက်တယ် ။

"အစကတော့ အဲလို သဘောမျိုးပဲကွ....''

ဂျီယီဟာ စိုးရိမ်စိတ်နဲ့ ခေါင်းငုံ့ထားရာကနေ ဆတ်ခနဲ
မော့လိုက်ပြီး ယွန်ရှစ်ဇူကို မျက်လုံးအပြူးသားနဲ့
စိုက်ကြည့်လိုက်တယ် ။

"ထျန်းယျန် အမေအကြောင်းကို မင်းသိလား....?''

ဂျီယီဟာ ခေါင်းခါလိုက်တယ် ။

"ငါနဲ့သူ့အမေအကြောင်းလေ.....''

ယွန်ရှစ်ဇူဟာ သက်ပြင်းမောတစ်ချက်ချလိုက်တယ် ။

"အဲဒီတုန်းက ငါတို့သိပ်ငယ်သေးတယ်....

တစ်ယောက်က တုံးတုံးအအ ကောင်လေးတစ်ယောက်....

ဂွမ်ဝေးဒေသတစ်ခုလုံးကို သူ့ပိုင်ကမ္ဘာငယ်ဖြစ်အောင်

သူ့ဘဝတစ်ခုလုံး မြှုပ်ထားပြီး အားကြိုးမာန်တတ်

ကြိုးစားနေတယ်.....

အခြားတစ်ဖက်မှာလည်း ချမ်းသာတဲ့ လူကုံတန်အသိုင်းအဝိုင်းက

ဆင်းသက်လာတဲ့ မိန်းမချောလေးက ဂွမ်ဝေးရဲ့ဆင်းရဲဒုက္ခတွေနဲ့

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now