အခန်း(၇)(ဂ)

22.7K 2.2K 82
                                    



ထျန်းယျန်ရဲ့စိတ်မရှည်မှုကိုကြည့်ပြီး
လင်ရှောင်ယျန်ဟာ ကိုယ့်အသိနဲ့ကိုယ် မတ်တပ်ထရပ်လိုက်ပြီး
ရှေ့သို့ ခြေလှမ်း နည်းနည်း ရွေ့လိုက်တယ် ။

"ဒီအမျိုးသမီး...... !''

ထျန်းယျန်ဟာ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို
မဖုံးကွယ်နိုင်ခဲ့ဘူး ။

"ဒီတစ်ယောက် မဟုတ်လား?''

ယွန်ရှစ်ဇူဟာ လင်ရှောင်ယျန်ကို ညွှန်ပြရင်း ပြောလိုက်တယ်။

"သူက မင်းဇနီးလေ....Ling မိသားစုကပေမယ့်

သူတို့က မင်းရှိတဲ့နေရာအထိလာပြီး မင်းကို

တလေးတစားနဲ့ အသိအမှတ်ပြု ပြီးပြီ .....

ငါတို့ကလည်း နည်းနည်း အလေးထားရမယ်လေ....

လက်ထပ်ဖို့အတွက် နေ့ကောင်းရက်သာ

တစ်ရက်ရွေးပြီး မင်းတို့ နှစ်ယောက်ကို

တရားဝင် လူသိရှင်ကြား ဖြစ်အောင်လုပ်ရမှာပေါ့....''

ထျန်းယျန်ဟာ ချက်ချင်း လိုဘဲ သူ့ရှေ့ကအမျိုးသမီးရှေ့ကို
ကိုယ်ကိုလှည့်လိုက်ပြီး အကဲခတ်လိုက်တယ် ။
ဒီအမျိုးသမီးဟာ အထက်တန်းကျကျ ဝတ်ဆင်ထားပြီး
အရှိန်အဝါ တစ်ခုခု ရှိနေတာကြောင့်
သူ့စိတ်ကူးထဲက သူပုံဖော်ထားတဲ့ လင်ရှောင်ယျန်မှန်း
သိပ်သိသာတယ် ။
သူမဟာ အတုတစ်ယောက်မဟုတ်မှန်း သိပ်ကို
သေချာတာပေါ့ ။

ပြသနာက သူမဟာ အခုမှ ယွန်မိသားစုရှေ့မှာ
ဘာကြောင့် ပေါ်လာရတာလဲ?
သူမဟာ တခြားတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားပြီမလား?

အဲဒါဆို ယီရော......ယီ ဘယ်ရောက်သွားပါလိမ့်??
ဒီမှာ ရှိတဲ့ တစ်ယောက်က ယီ မဟုတ်ဘူး.......
ထျန်းယျန်ဟာ ဒီကိစ္စကြောင့် စိတ်အေးရမလား...
စိတ်ပူရမလား...မသိတော့ဘူး ။
ဖြစ်နိုင်တာကတော့ နှစ်ခုစလုံးကို ခံစားနေရတာပဲ ။
တစ်ဖက်ကလည်း ယီဟာ သူ စောစောက
ထင်ခဲ့သလို ဂုဏ်ပကာသနတွေ....
ချမ်းသာကြွယ်ဝတာတွေကို မက်မောသူတစ်ယောက်
မဟုတ်ခဲ့ဘူးဆိုတာကို သိလိုက်ရတော့
စိတ်အေးရတယ် ။
ချုပ်နှောင်မှုကင်းကင်း လွတ်လွတ်လပ်လပ်နဲ့ ဒီလိုနေရာမျိုးမှာ
ယီကို တွေ့ချင်မြင်စိတ်ဟာ သူ့စိတ်ကို လွန်ဆွဲနေတယ် ။
အခုတော့ ယီဟာ ဘယ်နေရာမှာ ဘာဖြစ်နေလဲဆိုတာကို
သူ ဘာမှ မသိရဘူး ။

ဟန်ဆောင်သတို့သမီး(Myanmar translation)Où les histoires vivent. Découvrez maintenant