တောင်ကုန်းငယ်လေးပေါ်မှာ ရှိတဲ့ အဆောက်အဦးကို
စိုက်ကြည့်ရင်း ဂျီယီဟာ သူနေထိုင်ခဲ့တဲ့ ရွှံအိမ်လေးနဲ့
အရွယ်အစားအရရော သက်တောင့်သက်သာဖြစ်မှုမှာရော
ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာကို ထင်ထင်ရှားရှား သိလိုက်ရတယ်။
ခြံဝန်းကျယ်ကြီးလေးခုဟာ တဆက်တည်းဖြစ်ပြီး
အလယ်မှာ ဂျောင်းနန်က အတုယူပြီး ဆောက်ထားတဲ့ ကျောက်တုံးဥယျာဉ်နဲ့ ရေတံခွန် တစ်ခုလည်းရှိတယ် ။
ဂျီယီဟာ သူ့စိတ်ထဲမှာ အတွေးပေါင်းစုံဝင်နေတာကြောင့်
စကားတစ်ခွန်းမှ မပြောနိုင်ဘဲ သူ့ရှေ့က ရှုမျှော်ခင်းတွေကို
ခပ်ငေးငေးသာ ကြည့်နေမိတော့တယ် ။ထျန်းယျန်ဟာ ဂျီယီရဲ့ ငေးမောတွေဝေပြီး ခံစားချက်မဲ့နေတဲ့
မျက်နှာအမူအရာကို တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို
တစ်ချက် ခပ်တိုးတိုး ကျိန်ဆဲလိုက်မိပြီး ယီကို ရှင်းပြဖို့အတွက်
အသည်းအသန် စဉ်းစားနေတယ် ။"အစ်ကို.... ကျွန်တော့်ကို ဒီလောက် မုန်းနေလိမ့်မယ်လို့
မထင်မိဘူး...!! ''
ဂျီယီဟာ အိမ်ကြီးဆီကနေ အကြည့်လွှဲလိုက်ပြီး
ဝမ်းနည်းစွာနဲ့ ပြောလိုက်တယ်။"အဲလိုသဘောမျိုး မဟုတ်ပါဘူး.... ''
ထျန်းယျန်ဟာ အလောတကြီး ရှင်းပြနေတယ် ။
သေစမ်းကွာ....!!
သူ့ရဲ့ အလေးမထားတဲ့ အပြုအမူတွေကြောင့်
အခု အပြစ်ဒဏ်ခံနေရပြီ ။
ဒီနေ့မနက် အရမ်းကို နေလို့ထိုင်လို့ ကောင်းပြီး သာယာနေတာကြောင့်
ယီနဲ့ ပတ်သက်တဲ့ သူ့အမှားတွေကို ရှင်းရှင်းလင်းလင်းလုပ်ဖို့
မေ့သွားတယ် ။
အခုတော့ ယီကို နာကျင်ခံစားစေပြီ ။"ရွှံ့အိမ်လေးမှာ ကျွန်တော်နဲ့ နေရတာ အစ်ကို့အတွက်
မဟာအမှားပဲ....!!''
ဂျီယီဟာ သူတို့နှစ်ယောက်ရဲ့ အဆင့်အတန်းကို
ထပ်ပြီးတော့ ခွဲခြားပြလိုက်တယ် ။
ဟုတ်တယ်လေ..... အမှန်တကယ်ကိုပဲ
ရွှံ့နဲ့ မိုးတိမ်တွေလို ကွာခြားလွန်းလှပါတယ် ။"အဲလို မပြောနဲ့လေ....
ကိုယ် အဲဒီနေရာကို ဘယ်လောက် ချစ်လဲဆိုတာ
YOU ARE READING
ဟန်ဆောင်သတို့သမီး(Myanmar translation)
Historical Fiction"သမီး မမွေးခင်ကတည်းက ထားခဲ့တဲ့ကတိကြောင့်လား...အဖေ...?'' ...... "ငါ့ချစ်သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူး...'' .... "သခင်မလေး...ကျွန်...ကျွန်တော်က ယောက်ျားလေးတစ်ယောက်နော်...'' ..... "အစားထိုးဖို့ဆိုတာ မသင့်တော်ဘူး ထင်ပါတယ်....။'' Novel name-The Counterfei...