နံနက်မိုးလင်းလို့ အလင်းရောင်တဖြည်းဖြည်းပေါ်လာတဲ့အခါ
ဂျီယီဟာ အိပ်ရာမှနိုးလာပြီး
ခန္ဓာကိုယ်ကို အသာလေးမပြီး ရွှေ့လိုက်တယ် ။
သူ့ကိုယ်လုံးလေးဟာ နွေးထွေးပြီး သန်မာတဲ့
လက်မောင်းတစ်စုံရဲ့ ပွေ့ဖက်မှုကြားမှာ.......
ကိုယ်ကို တစ်ဝက်လောက် လှည့်လိုက်တယ်ဆိုရင်ပဲ
နက်မှောင်သန်စွမ်းပြီး လှပတဲ့ ဆံပင်ရှည်တွေ
ကပိုကရိုနဲ့ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ထျန်းယျန်ကို
အသာလေး စောင်းငဲ့ကြည့်ရင်း ငေးနေလိုက်မိတယ် ။မနေ့ညက ထျန်းယျန်ဟာ သူ့လက်ကို အတင်းဆွဲပြီး
အိမ်ထဲကို ဆွဲသွင်းခဲ့ပေမယ့် စကားတစ်ခွန်းမှ
ထပ်မပြောခဲ့တော့ဘူး ။
သူ့ကို အိပ်ရာပေါ်ကိုတွန်းချကာ သူလည်းအိပ်ရာပေါ်ကို
လိုက်လာပြီး နောက်ကနေ ခပ်တင်းတင်း ပွေ့ဖက်ကာ
အိပ်ပျော်သွားလိုက်ကြတာ မနက်မိုးလင်းတော့လည်း
ဒီအတိုင်းပဲ နိုးထလာခဲ့တာ ။အများကြီး ရင့်ကျက်သွားပုံပဲ.....
အခုလိုမျိုး ကြည်လင်အေးချမ်းပြီး ချစ်စရာကောင်းတဲ့
အသွင်အပြင်မျိုးကို အရင်က တစ်ခါမှ မမြင်ဖူးဘူး ။
ဂျီယီဟာ ကျေနပ်ပြုံးလေး လှစ်ခနဲ ပြုံးလိုက်မိတယ် ။
သူ့ကို နိုးလည်းမနိုးစေချင်သေးဘူး ။
ဒါပေမယ့် သူနိုးလာတဲ့အခါ နည်းနည်းလေးတောင်
လှုပ်လို့မရလောက်အောင် ဂျီယီကို ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်နေတာကို သူသတိရမှာပါ....။ဂျီယီဟာ သည်းခံစိတ်မွေးပြီး ထပ်ပြုံးလိုက်မိတယ် ။
ဂျီယီဟာ ကျယ်ပြန့်ပြီး တောင့်တင်းသန်မာတဲ့
ထျန်းယျန် ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်မိတော့
သူ့ပါးလေးဟာ စည်းချက်ကျကျ ခုန်နေတဲ့ ထျန်းယျန် ရဲ့
နှလုံးခုန်သံကို ခံစားမိနေတယ်။
ဂျီယီဟာ သူ့ပါးလေးနဲ့ ထျန်းယျန် ရင်ဘတ်ကို
ဖွဖွလေး ပွတ်နေမိတယ် ။
နွေးလိုက်တာ......!!!
သူ့နှလုံးသားလေးရော.....
သူ့တစ်ကိုယ်လုံးရော.....
နွေးထွေးလုံခြုံလိုက်တာ......!!တဖန် ခေါင်းလေးကို စောင်းပြီး အပေါ်ကို မော့ကြည့်လိုက်တော့
ရှင်းလင်းပြတ်သားတဲ့မျက်နှာကျပုံနဲ့
စွဲမက်စရာ ချောမောခန့်ညားနေတဲ့ ထျန်းယျန်ရဲ့မျက်နှာလေးကို
ကြည့်ရင်း အမှတ်မထင် သူတို့နှစ်ယောက်ရဲ့
တရားဝင်မဟုတ်ဘဲ ရင်းနှီးဖြစ်ခဲ့တဲ့ညလေးကို
သတိပြန်ရသွားတယ် ။
စူးစိုက်ကြည့်နေရင်း တစ်နေရာ အရောက်မှာတော့
အကြည့်တွေဟာ ရပ်တန့်သွားခဲ့တယ် ။
ဒီစွဲမက်စရာ နှုတ်ခမ်းထူထူလေး......
အဲဒီနေ့ညက သူ့အရှက်တရားတွေအားလုံးကို
သိမ်းကြုံးယူသွားခဲ့တဲ့ နှုတ်ခမ်းလေး.......။
ဗုံတစ်လုံးကို တီးထားသလို တဒုတ်ဒုတ်မြည်နေတဲ့
နှလုံးခုန်သံကို ထိန်းချုပ်မထားနိုင်တော့ဘဲ
သူ့နှုတ်ခမ်းအနီးကို ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်ပြီး
အနမ်းတစ်ပွင့်ကို ညင်ညင်သာသာလေး ခြွေချလိုက်တယ် ။
အနမ်းဖွဖွပေမယ့် ဂျီယီအတွက်တော့ နှလုံးသားတစ်ခုလုံး
ဗရမ်းဗတာ ဖြစ်လောက်တဲ့အထိ ထိုက်တန်လှပါတယ် ။
YOU ARE READING
ဟန်ဆောင်သတို့သမီး(Myanmar translation)
Historical Fiction"သမီး မမွေးခင်ကတည်းက ထားခဲ့တဲ့ကတိကြောင့်လား...အဖေ...?'' ...... "ငါ့ချစ်သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူး...'' .... "သခင်မလေး...ကျွန်...ကျွန်တော်က ယောက်ျားလေးတစ်ယောက်နော်...'' ..... "အစားထိုးဖို့ဆိုတာ မသင့်တော်ဘူး ထင်ပါတယ်....။'' Novel name-The Counterfei...