ဂျီယီဟာ ခဏကြာ အော်ငိုပြီးနောက်
ကိုယ့်ကိုယ်ကို အားတင်းကာ အဝတ်အစားတွေကို
ဝတ်လိုက်တယ်။
သူ့တစ်ကိုယ်လုံးဟာ နာကျင်နေပေမယ့်
အဝေးကို လွင့်ရအုံးမယ် ။
ထျန်းယျန်ဟာ သူ့ကို မမြင်ချင်တော့ဘူးတဲ့.....။
ယွန်မိသားစုနဲ့လည်း ဘာမှမဆိုင်တော့သလို
ဇနီးတစ်ယောက်လည်း မဖြစ်နိုင်ခဲ့ပါဘူး ။
ထျန်းယျန်က သူ့ကို ချက်ချင်း ထွက်သွားခိုင်းနေတယ် ။
သူပြန်မလာခင် ထွက်သွားရမယ်.....
မဟုတ်ရင်... သူ့ကိုမြင်ရင် ထျန်းယျန် ပိုပြီး
ဒေါသထွက်နေရအုံးမယ်........ ။ကောင်းကင်ကြီးကလည်း မှောင်မိုက်နေပြီ ။
ဒီပုံအတိုင်းဆို ထျန်းယျန်ဟာ အိမ်ကို ပြန်မလာလောက်ဘူး ။
ဒီလိုဆိုရင်လည်း ပိုကောင်းပါတယ်လေ.....
မဟုတ်ရင် ထျန်းယျန်ဆီမှာ ထပ်ပြီးတော့ နှင်ထုတ်ခံရရင်
သူ ဘယ်လိုမှ ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး ။
အခုလိုမျိုး ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားဖို့အတွက်
အချိန်ပေးတာလည်း ကောင်းပါတယ်လေ ။ဂျီယီဟာ သူ့ခရီးဆောင်အိတ်သေးသေးလေးကို
ယူလိုက်ပြီး သူ့ရဲ့ နဂိုအဝတ်အစားတွေနဲ့
လဲလှယ်ဝတ်ဆင်လိုက်တယ် ။
လင်ရှောင်ယျန်ရဲ့ ပိုးထည်တွေ ဖဲထည်တွေကတော့.......
သူဟာ နောက်ထပ် မိန်းကလေးလို ဝတ်စရာ
မလိုတော့ဘူးလေ ။
ဒါကြောင့် သူမရဲ့ အဝတ်တွေကို မတို့မထိဘဲ
ထားခဲ့လိုက်တော့တယ် ။ဘယ်နေရာကိုပဲကြည့်ကြည့် အမှတ်ရစရာ
မြင်ကွင်းတွေကတော့ မမေ့နိုင်စရာပါဘဲ...... ။ဒီနေရာဟာ ဟောင်းနွမ်းပြီး ပျက်စီးလုမတတ်ဖြစ်နေပေမယ့်
သူ့အတွက်တော့ မိသားစုဆိုတဲ့ ခံစားချက်ကို
ပေးခဲ့တဲ့နေရာလေးပါ ။လင်ရှောင်ယျန်လို ဟန်ဆောင်ဖို့အတွက်
အတင်းတိုက်တွန်းခံခဲ့ရတဲ့ ပထမဆုံးအချိန်တွေကို
စဉ်းစားကြည့်ရင် သူဟာ သိပ်ကို သနားစရာကောင်းတာပဲ ။သူအလေးအနက် တွေးတောနေခဲ့ဖူးတဲ့
'မိသားစုဝင်' ဆိုတာ သူ့အတွက်တော့
ဘယ်သူမှ မဟုတ်ခဲ့ဘူးပဲ.....။ဒါပေမယ့် ဒါဟာလည်း တစ်မျိုးကောင်းပါတယ်။
မဟုတ်ရင် အခုလိုမျိုး ခွဲခွာရတဲ့အခါ
သူနောက်ဆံတင်းနေမှာပေါ့ ။
ВЫ ЧИТАЕТЕ
ဟန်ဆောင်သတို့သမီး(Myanmar translation)
Исторические романы"သမီး မမွေးခင်ကတည်းက ထားခဲ့တဲ့ကတိကြောင့်လား...အဖေ...?'' ...... "ငါ့ချစ်သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူး...'' .... "သခင်မလေး...ကျွန်...ကျွန်တော်က ယောက်ျားလေးတစ်ယောက်နော်...'' ..... "အစားထိုးဖို့ဆိုတာ မသင့်တော်ဘူး ထင်ပါတယ်....။'' Novel name-The Counterfei...