sweet တွေရမယ်....sweet တွေရမယ်.....
အချိုများသွားရင်လည်း တောင်းပန်ပါတယ်နော်..😁😁😁😁😁😁
"ဘာပဲဖြစ်ဖြစ် ဒါဟာ မတရားဘူး...''
ဂျီယီဟာ ခေါင်းညိတ်ရင်းနဲ့ ဆက်ပြောတယ်။
"ကျွန်တော်က ဆင်းရဲတယ်....သခင်မလေးကတော့....
သူက ငယ်ငယ်ကတည်းက ချမ်းချမ်းသာသာနဲ့
မွေးလာခဲ့တာ....
အဲဒီအချိန်တုန်းက ကျွန်တော်လည်း ကိုယ့်အတ္တနဲ့ကိုယ်
ရည်ရွယ်ချက်တွေရှိခဲ့တယ် ''
"ဘယ်လို ရည်ရွယ်ချက်လဲ? "
"ကျွန်တော် မိသားစု တစ်စု ပိုင်ဆိုင်ချင်တယ် ''
ဂျီယီဟာ ရိုးသားစွာ ပြန်ဖြေလိုက်တယ် ။
"ရတယ်လေ....မင်းမှာ အခုရှိနေပြီပဲ....''
ထျန်းယျန်က ကတိပေးစကားပြောတယ် ။
"ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို
ခွင့်မပြုနိုင်ဘူး....''
ယီဟာ နှုတ်ခမ်းကို တစ်ချက်ကိုက်ရင်း ခက်ခက်ခဲခဲနဲ့
သူ့စကားတွေကို ရှေ့ဆက်တယ် ။"ဂျောင်နန်မှာ ယောက်ျားတစ်ယောက် နဲ့
ပတ်သက်တာက ကိစ္စ မရှိဘူး....
ဒါပေမယ့် အစစ်အမှန်လို့လဲ ဘယ်သူမှ မယူဆဘူး...
ပြီးတော့ ကျွန်တော် .......အဖြည့်ခံ အပျော်ယောက်ျားတစ်ယောက်
မဖြစ်ချင်ဘူး..... ''
"ကိုယ်ကလည်း မင်းကို အဖြည့်ခံယောက်ျား တစ်ယောက်အဖြစ်
သဘောထားတာ မဟုတ်ပါဘူး.....''
ထျန်းယျန်ဟာ ဂျီယီကို ချစ်ခင်စွာ ပွေ့ဖက်လိုက်တယ်။
"ယီ ......ကိုယ့်ဘဝမှာလေ.....
ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ကိုယ်အချစ်ရဆုံးက
မင်းတစ်ယောက်တည်းပါ.....
ကိုယ်တို့မှာ ဇနီးတွေ မရှိကြပေမယ့်လည်း
တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမ နဲ့
တစ်ဘဝလုံး အတူနေသွားလို့ ရတယ်လေ....မဟုတ်ဘူးလား...?''
YOU ARE READING
ဟန်ဆောင်သတို့သမီး(Myanmar translation)
Historical Fiction"သမီး မမွေးခင်ကတည်းက ထားခဲ့တဲ့ကတိကြောင့်လား...အဖေ...?'' ...... "ငါ့ချစ်သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူး...'' .... "သခင်မလေး...ကျွန်...ကျွန်တော်က ယောက်ျားလေးတစ်ယောက်နော်...'' ..... "အစားထိုးဖို့ဆိုတာ မသင့်တော်ဘူး ထင်ပါတယ်....။'' Novel name-The Counterfei...