Unicode (zawgyi below)
Taeyong's POV
"မင်္ဂလာဇနီးမောင်နှံကိုကောင်းချီးမင်္ဂလာချီးမြှင့်လိုက်ကြပါခင်ဗျားးးး!!!"
မင်္ဂလာရှိသောအသံတစ်ခု ဘုရားကျောင်းထဲကနေဟိန်းနေအောင်ထွက်လာသည်။
ဘုန်းတော်ကြီးစကားပြီးသည်နှင့် ဘုရားကျောင်းတစ်ခုလုံး လက်ခုပ်သြဘာသံများကျယ်လောင်စွာထွက်လာကြတယ်။ သိူ့ပေမယ့် ထိုလူအုပ်ထဲမှာတော့ကျွန်တော်မပါတာသေချာသည်။
ဒီမင်္ဂလာပွဲကို VIP အနေနဲ့တက်ရောက်လာခဲ့ပြီးခါမှ ကောင်းချီးမပေးနိုင်တဲ့လူတစ်ယောက်ဖြစ်ခဲ့တာကတော့ လူအများအမြင်မှာကျွန်တော်ဟာအနည်းငယ်တော့အကျည်းတန်ရာဖြစ်နေလိမ့်မယ်
အဖြူရောင်သတို့သမီးဝတ်စုံဝတ်ထားတဲ့ သတို့သမီးဟာကျွန်တော်အချိန်ပြည့်မြင်နေရတဲ့သာမာန်မိန်းမတစ်ယောက်မဟူတ်တော့ဘဲ အရမ်းလှတဲ့မိန်းမတစ်ယောက်ဖြစ်တယ်။ ဇာအနုနဲ့ကွပ်ထားတဲ့ အဖြူရောင်သတို့သမီးဝတ်စုံဟာသူနဲ့အလိုက်ဖက်ဆုံးဖြစ်တယ်။
နောက်ပြီး သူ့အရှေ့က သတို့သားကိုမော့ကြည့်နေတဲ့သူ့ရဲ့မျက်လုံးတွေဟာ အရမ်းတောက်ပပြီးရယ်နေကြတယ်။ သူ့နှုတ်ခမ်းတွေကလည်းအလိုလိုပြုံးနေတယ်။ ကျွန်တော်ထင်မှတ်ခဲ့ဖူးတဲ့ အရမ်းလှပါတယ်ဆိုတဲ့ သူ့အပြုံးကတောင် အခုအချိန်သူ့နှုတ်ခမ်းပေါ်ကအပြုံးကိုလိုက်မမီဘူး
ကျွန်တော်ထင်ခဲ့ဖူးတဲ့ တစ်ချိန်ကသူမရဲ့အလှဆုံးအပြုံးဆိုတာက....
အိမ်မှုကိစ္စမဟုတ်ဘဲ သူ့ခင်ပွန်းအတွက် နွေးထွေးတဲ့အစားအသောက်တွေ ၊ ခန့်ညားတဲ့အင်္ကျီတွေ နဲ့အခြားသော အံ့သြသွားစေမယ့်အရာတွေဖန်တီးနေတဲ့အချိန်တွေသာဖြစ်တယ်။
ဒါပေမယ့်
အခုတော့ အဲ့အပြုံးတွေထက် ပိုလှတဲ့အရယ်အမောတွေဟာ သူ့ရှေ့က သတို့သားကိုကြည့်နေတဲ့အချိန်နဲ့ လက်တွဲထားတဲ့အချိန်တွေသာဖြစ်ခဲ့ရတယ်
ထိုအမျိုးသမီးဟာလှလွန်းတယ်
ထက်မြတ်လွန်းတယ်
ဒါပေမယ့် ကျွန်တော်သူ့ကိုနာကျည်းတယ်
သူ့ကိုစိတ်နာသင့်လားမသိပေမယ့် အခုအချိန်မှာတော့ ထိုအမျိုးသမီးကို စကားမပြောချင်ဘဲဝေးဝေးရှောင်ကာအနေလွှဲချင်တယ်
YOU ARE READING
ဦး ရဲ့ ငယ်
FanfictionThis fic is written in both Unicode and Zawgyi. Unicode အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ Zawgyi အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ By Mhuu99