ဦး ရဲ့ ငယ် Ch-12

1.9K 183 8
                                    

Unicode (zawgyi below)

Jaehyun's POV

ဘေးနားမှာရှိတဲ့ ခေါင်းအုံးကိုကျွန်တော်နဂိုထက်တင်းကြပ်နေအောင်ဖက်လိုက်သည်။

ဘေးနားကနာရီက မနက် ၈ နာရီကိုညွှန်ပြလျက်ရှိတယ်။

၈ နာရီဆိုတဲ့အချိန်တစ်ခုကြောင့် ကျွန်တော်အိပ်ရာပေါ် ရီဝေဝေနဲ့လှဲနေရာကနေ ငေါက်ကနဲထလိုက်မိသည်။

ထိုးကိုက်လာတဲ့ခေါင်းကြောင့်ကျွန်တော်လက်နဲ့နားထင်ကိုကိုင်လိုက်မိသေးတယ်

"*ကျစ်*  ညကငါဘယ်လောက်တောင်သောက်လိုက်တာလဲ?"

ကိုယ့်ဘာသာညည်းတွားလိုက်မိတယ်။

ကိုယ့်ကိုယ်ကို ဘယ်လိုအခန်းထဲပြန်ဝင်လာမှန်းတောင်ကောင်းကောင်းမမှတ်မိတော့ဘူး။

၈ နာရီဆိုတဲ့အချိန်ကြောင့် ကျွန်တော်မနည်းလူးလဲပြီးထလိုက်ရတယ်။

မျက်နှာတောင်မသစ် ၊ သွားတောင်မတိုက်နိုင်ဘဲ အောက်ထပ်ကမီးဖိုချောင်မှာ အသည်းအသန်ဝင်ချက်ရတော့တာပဲ။

"ဒုက္ခပဲ! ငယ် တော့မနက်စာစားချိန်ကျော်နေပြီ! "

ငယ် က အစာအိမ်အခံရှိတာကြောင့်အစားကိုအချိန်ကျော်လို့မရ။

ကျွန်တော်ကလဲလေ..... တကယ်

ညကမှအရမ်းသောက်မိပြီး အမူးလွန်သွားတာ။

ငယ် လည်းကျွန်တော်မနှိုးသေးတော့နိုးဦးမှာမဟုတ်ဘူး

ငယ် ကသူ့အားကိုးနဲ့သူ အိပ်ရာထတတ်တဲ့လူမဟုတ်တာကိုကျွန်တော်သိနေတယ်လေ....

ဟင်းတွေချက်နေရင်မမီတော့မှာစိုးလို့ ကြက်ဥကြော်မွှေးမွှေးလေးရယ် နွားနို့ပူပူလေးရယ် အမြန်လုပ်ပြီး မီးဖိုချောင်ထဲကနေ လက်စသတ်ကာထွက်ခဲ့ရတယ်။

ငယ့် ကိုအိပ်ရာနှိုးဖို့ ငယ့် အခန်းထဲဝင်တော့ ထင်တဲ့အတိုင်း အိပ်နေတုန်း။

ထုံးစံအတိုင်း ကျွန်တော် ငယ့် နားကပ်လိုက်ပြီး တင်ပါးလေးကိုခပ်ဖွဖွပုတ်လိုက်ကာ

"ငယ်!  ငယ်  ထတော့!  ၈ နာရီထိုးနေပြီ ငယ် ရဲ့"

"ဟင်းးးးး  အင်းးးး   အင်းပါ"

ဦး ရဲ့ ငယ်Hikayelerin yaşadığı yer. Şimdi keşfedin