ဦး ရဲ့ ငယ် Ch -25

561 69 11
                                    

Unicode ( Zawgyi below)

Jaehyun's POV

"ငယ် မင်းလွန်တယ်မထင်ဘူးလား"

မူးပြီးခေါင်းစောင်းလျက်အိပ်နေတဲ့ငယ်က ကျွန်တော့်စကားကြောင့်ခေါင်းထောင်လာတယ်

"ဘာလွန်လို့လဲ"

မျက်လုံးမပွင့်တပွင့်နဲ့ ကျွန်တော့်ကိုခပ်မှေးမှေးကြည့်ရင်းမေးတယ်
ဪ သူဘာမှမလုပ်ထားတဲ့အတိုင်း ၊ သူလုပ်ထားတာဘာမှမမှားတဲ့အတိုင်း ပြန်မေးရှာတာပဲ

စီတီရာတိုင်ကိုကျွန်တော်တင်းနေအောင်ဆုပ်လိုက်မိတယ်

"မင်း Chungha ကိုဘယ်လိုပြောလိုက်လဲ သူ့ကိုဘယ်လိုဆက်ဆံလိုက်သလဲ မင်းအပြစ်ကိုမင်းဖုံးဖို့မကြိုးစားနဲ့ မင်းမူးလာလို့ပြောလိုက်တယ်လို့ဆိုလည်းငါလက်မခံနိုင်ဘူး ဈေးပေါတဲ့အကြောင်းပြချက်တွေငါ့လာမပေးနဲ့ ငါ Chungha နဲ့စတွေ့ကတည်းက မင်းအလိုမကျဘဲရန်မူသလိုတွေအဝေးကကြည့်နေတာငါမသိဘူးများထင်နေလား မကောင်းတတ်လို့ ဒေါသလည်းမထွက်ချင်လို့မသိချင်ယောင်ဆောင်ထားတာ"

"ငယ့်ကိုအဲ့လိုမလုပ်စေချင်ရင် ဦးကဘာလို့ငယ့်ကိုပစ်ထားတာလဲ"

"ပစ်ထားတယ်? မင်းကိုလေ ငါက?"

"ဟုတ်တယ်! ပစ်ထားတယ် ဦး ငယ့်ကိုဂရုစိုက်လို့လား"

"ဗင်းနစ်ကိုလာတာ ငါတို့နှစ်ယောက်တည်းပျော်ဖို့လာတာမဟုတ်ဘူးနော် ပြီးတော့မင်းအတွက်စိတ်အပန်းဖြေဖို့သီးသန့်စီစဉ်ထားတဲ့ခရီးလည်းမဟုတ်ဘူး အလုပ်ကိစ္စနဲ့ထွက်လာတာ မင်းကိုအလုပ်တစ်ဖက်နဲ့ငါတတ်နိုင်သလောက်ဂရုစိုက်ပေးထားတာပဲ မင်းကဘယ်လိုဂရုစိုက်မှုမျိုးကိုကြိုက်တာလဲ ဘယ်လိုလုပ်ပေးမှ ဂရုစိုက်တယ်လို့မြင်ပေးနိုင်မှာလဲ မင်းအသက်အရွယ်နဲ့သိပ်ကလေးမဆန်ပါနဲ့ ကလေးဆန်တိုင်းချစ်ဖို့ကောင်းတယ်ဆိုတဲ့ခပ်ပေါပေါအတွေးတွေနဲ့မင်းကိုမင်းမဖျက်ဆီးနဲ့"

"ကျွန်တော်ကလေးဆန်တာမဟုတ်ဘူး ကျွန်တော်ဂရုစိုက်တာကိုပဲလိုချင်တာ ဦးဆီကပဲ.... ဘယ်သူ့ဆီကမှမဟုတ်ဘူး ကျွန်တော်နားလည်ထားတာက ကလေးဆန်မှဂရုစိုက်ခံရတယ်ဆိုတာမျိုး"

ဦး ရဲ့ ငယ်Where stories live. Discover now