ဦး ရဲ့ ငယ် Ch-11

2K 167 11
                                    

Unicode (zawgyi below)

Taeyong's POV

ဘာလိုလိုနဲ့ အမေ မရှိတော့တာ ၅ ရက်လောက်ရှိပြီဖြစ်သည်

ကျွန်တော် လွမ်းသလိုလိုခံစားရပေမယ့် အမေရဲ့အနွေးဓာတ်ကိုခြေရာလိုက်နင်းနေသလို ဦး ကအတတ်နိုင်ဆုံးကျွန်တော့်ကိုနွေးထွေးပေးတော့ကျွနိတော် အရမ်းကြီးဟာနေသလိုမခံစားရဘူး

တစ်ချက်ချက်မြည်နေတဲ့ နာရီကိုကျွန်တော်လှမ်းကြည့်လိုက်မိတော့ ၁၁ နာရီကျော်နေပြီ

ဒီလိုအချိန်ဆို ဦး ကသူ့အခန်းထဲမှာ အလုပ်ကဖိုင်တွဲတွေတစ်လှည့် laptop ကိုတစ်လှည့်နဲ့ ဗျာများပြီးအလုပ်အရမ်းရှုပ်နေတတ်တာ

အခုတော့ ဦး အပြင်သွားတာအရမ်းကြာနေပြီ ပြန်လည်းမရောက်သေးဘူး

ဒါမှမဟုတ်ပြန်ရောက်နေတာကိုပဲ ကျွန်တော်မသိတာလား?

ကျွန်တော်အခန်းထဲကထွက်ပြီး ဦိး ကိုရှာဖို့စူးစမ်းမိတယ်။

ပထမဆုံး ဦး အခန်းဘက်ကိုသွားတော့ ဦးကိုမတွေ့ရဘူး

အောက်ထပ်ကိုဆင်းကြည့်မှ အသံကြားတာနဲ့ အောက်ထပ်မှာ ဦး ရှိနေတယ်ဆိုတာကိုသိလိုက်ရတယ်။

အရမ်းငြိမ်နေလို့ သူပြန်မလာသေးဘူးလို့တောင်ကျွန်တော်ကထင်တာ။ ကျွန်တော်နည်းနည်းချောင်းကြည့်လိုက်မိတော့ ထမင်းစားပွဲမှာ beer တစ်ပုလင်းနဲ့ ခေါင်းငိုက်ချင်နေသလိုဖြစ်တဲ့ ဦး ရဲ့နောက်ကျောကိုမြင်လိုက်ရသည်။

ဒါကိုမြင်တဲ့ကျွန်တော်ကလည်း ခြေသံလုံလုံနဲ့ အပေါ်ထပ်ကိုပြန်တက်လာခဲ့တယ်

ဦး က ကျွန်တော့်ရှေ့မှာသာ အရမ်းတည်ငြိမ်ပြီး အားကိုးချင်စရာကြီးဖြစ်နေအောင်နေပြတာ

တကယ်တမ်းကျတော့ သူလည်းခံစားချက်တွေရှိသားပဲ

အင်းလေ

သူလည်း အမေ့ကိုချစ်တဲ့လူတစ်ယောက်ပဲ သူမခံစားရဘဲနေမလား?

ဦး ကိုဒီလိုပုံစံနဲ့မြင်လိုက်ရတော့သိပ်တော့စိတ်မကောင်းချင်ဘူး။ ဦး အဲ့လောက်ထိငြိမ်နေတာကိုကျွန်တော်တစ်ခါမှမမြင်ဖူးဘူး။ နောက်ပြီး ဒီလိုအရမ်းဝမ်းနည်းနေတဲ့ပုံစံကိုရောပဲပေါ့

ဦး ရဲ့ ငယ်Tahanan ng mga kuwento. Tumuklas ngayon