Unicode (zawgyi below)
Taeyong's POV
("ဦး ရေသွားချိုးလိုက်ဦးမယ် ငယ် ခဏစောင့်")
လွန်ခဲ့သောနာရီဝက်ခန့်ကပြောခဲ့သော ဦး စကားကိုကျွန်တော်စိတ်မရှည်စွာနဲ့ ပြန်ရေရွတ်လိုက်မိသည်
အင်းလေ....
သူကကျွန်တော့်လိုမှမဟုတ်တာ
ကျွန်တော့်လို ကလေးလိုလို သူငယ်လိုလိုမဟုတ်ပြန်တော့ gentleman ပုံထွက်အောင်ပြင်ရသေးတာပေါ့
ဒါကတော့ခွင့်လွှတ်လို့ရပါတယ်။
မနက်မနက်ဆိုရင် မနက်စာကိုသေချာမစားတတ်လို့ချောင်နေတဲ့ဗိုက်ကလေးကဒီနေ့မနက်မှတင်းပြီးပြည့်နေတာပဲ။
ဒါကလည်း ဦး ကကြိုချက်ထားပေးတာကိုး
အမေကအလုပ်များလို့ စားသောက်ဖွယ်ကောင်းကောင်းတွေမစားရတဲ့ကျွန်တော်လည်း ဦး နဲ့မှအစာရေစာဝအောင်စားရလေရဲ့
ကျွန်တော် မေ့ထောက်နေရာမှခေါင်းထောင်လိုက်မိသည်
ငါ... ငါ ဒီနေ့ ဦး ချက်ပေးသမျှကိုစားမိတာပဲ...
သောက်တဲ့ရေကအစ သူအဆင်သင့်ခပ်ပေးထားတဲ့ရေ
ကျွန်တော်ပူပြင်းတဲ့တံတွေးအလုံးလိုက်ကြီးကိုမြိုချလိုက်ရတယ်။
ဝက်ဗိုက်သားအချိုချက်ကလေးက အစာအိမ်သမားရဲ့မနက်စာအတွက်အသင့်တော်ဆုံးဖြစ်ခဲ့ရတယ်။ ကျွန်တော်မုန်းတဲ့ ဦး ရဲ့ဟင်းတွေကိုကအစကျွန်တော်မြင်မကောင်းအောင်ရင်ခုန်နေမိတာ။ ကျွန်တော်သိပ်တော့မဟုတ်သေးဘူး။
"ငယ် !!!လာ သွားရအောင်"
ငြိမ်နေတဲ့လက်ကအကြောတွေတောင်ဗြောင်းဆန်အောင်ရွေ့လျားသွားတယ်။
ရုတ်တရက်ထွက်လာတဲ့ ဦး ရဲ့ခေါ်သံကြောင့် ကျွန်တော်ထိုင်နေရာမှကမန်းကတန်းထလိုက်မိသည်။
ထိုလူ့နှုတ်မှ "ငယ်" ဆိုတဲ့တစ်စက္ကန့်တောင်မပြည့်တဲ့အခေါ်အဝေါ်တစ်ခုကိုကြားလိုက်တိုင်းမှာ ကျွန်တော့်ရင်ထဲတစ်ခုခုနင်သွားသလိုခံစားရတယ်။
ဒါဟာဘာကြောင့်လဲလို့ကျွန်တော့်ကိုမမေးနဲ့
ကျွန်တော့်မှာအဖြေလည်းမရှိသလိုဖြေလည်းမဖြေတတ်ဘူး
YOU ARE READING
ဦး ရဲ့ ငယ်
FanfictionThis fic is written in both Unicode and Zawgyi. Unicode အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ Zawgyi အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ By Mhuu99