ဦး ရဲ့ ငယ် Ch-13

2.1K 188 21
                                    

Unicode (zawgyi below)

Taeyong's POV

"omma~"

ကျွန်တော်ဖျားနေတုန်း ကျွန်တော့်ဘေးမှာ ထိုင်စောင့်နေတဲ့အမေ့ကိုကျွန်တော်ရူးရူးမူးမူးနဲ့ခေါ်လိုက်မိတယ်။

ဒီတစ်ခါတော့ နွဲ့လျောင်းတဲ့အသံလေးနဲ့ပေါ့...

ကျွန်တော်သူ့ကိုအရမ်းလွမ်းနေခဲ့တာလေ

ကျွန်တော်ထင်တာမှားခဲ့တယ်

အမေကကျွန်တော့်ကိုပစ်သွားခဲ့တာမဟုတ်ဘူး

ကျွန်တော်ဘယ်လောက်ဆိုးဆိုးအမေကကျွန်တော့်ကိုမမုန်းတာကျွန်တော်သိတယ်

"Omma ကိုအရမ်းသတိရတယ် ကျွန်တော်နေမကောင်းတုန်း Omma ကျွန်တော့်ဘေးမှာနေပေးပါ့လား"

Omma ကကျွန်တော့်ကိုအရင်ကအတိုင်း နွေးထွေးစွာပြုံးကြည့်နေတယ်

"Omma မရှိတဲ့နောက်ပိုင်းမှာ သားတစ်ယောက်တည်းနေတတ်အောင်နေရတော့မှာ..."

အမေ့ဆီကဒီစကားကိုကြားလိုက်ရတော့ ကျွန်တော်ဖျားနေတဲ့လူနာဖြစ်နေလျက်နဲ့ပူထူသွားပြီး အမေ့လက်ကိုဆွဲကိုင်လိုက်တယ်

"ဟင့်အင့် မဟုတ်ဘူး!! Omma~~ Omma ကိုသားချစ်တယ် သားဘေးကနေထွက်မသွားပါနဲ့ သားဆိုးခဲ့တာတွေအတွက်သားနောင်တရနေပါပြီ Omma ရယ်!!! သားကိုမထားခဲ့ပါနဲ့တော့ Omma ကျွန်တော့်ဘေးမှာပဲနေပေးပါ !!"

ကျွန်တော်ကအိပ်ရာထဲကနေအသည်းအသန်ပြောနေခဲ့ပေမယ့် အမေကကျွန်တော့်ကိုသွေးအေးစွာနဲ့ ခေါင်းခါပြလာတယ်။ ဒါပေမယ့် အမေ့အပြုံးကတော့နွေးထွေးနေတုန်းပဲ

ကျွန်တော်သေချာပေါက်သိလိုက်တယ်

အမေကကျွန်တော်ဘယ်လောက်တောင်းပန်တောင်းပန် ကျွန်တော့်ဆီလုံးဝပြန်မလာတော့ဘူးဆိုတာပဲ

ဟင့်အင်းး မရဘူး

ကျွန်တော်အမေ့ကိုထွက်မသွားနိုင်အောင်ဆွဲထားမှာ...

ကျွန်တော်လည်း အမေ့ရဲ့လက်ကိုတင်းကြပ်နေအောင်ဆွဲြပ်ီးဆုပ်ကိုင်လိုက်တယ်

"ဟင့်အင်းးး omma မရဘူး ကျွန်တော်တကယ်မရဘူး Omma မှကျွန်တော့်အနားမှာမရှိရင် ကျွန်တော်မရတော့လို့ ... ကျွန်တော့်ဘေးမှာပဲနေပေးပါ..."

ဦး ရဲ့ ငယ်Wo Geschichten leben. Entdecke jetzt