Unicode (zawgyi below )
Jaehyun's POV
At Night
"မ!"
နောက်ဖေးမှာဟင်းချက်နေတဲ့ မ ကိုကျွန်တော်ခေါ်လိုက်တော့ သူက သူချက်ပြီးသွားတဲ့ ပထမဆုံးဟင်းလျာကိုလက်ညှိုးထိုးလိုက်ပြီး
"ဟင်းက တစ်ခွက်ပဲပြီးသေးတယ် မောင်! ဗိုက်ဆာပြီလား"
"တစ်ခွက်နဲ့လည်းလုံလောက်ပါတယ်။ အများကြီးလျှောက်ချက်မနေပါနဲ့"
"ဪ ဖွယ်ဖွယ်ရာရာဖြစ်စေချင်လို့ပေါ့"
"မောင် ဘာလုပ်ပေးရဦးမလဲ"
"ဘာမှမလုပ်ပေးနဲ့! Taeyong ကိုသာအပေါ်ထပ်အခန်းကနေအောက်ထပ်ထမင်းဝိုင်းဆီကိုဆွဲချလာစမ်းပါ"
ကျွန်တော့်ကိုယ်လုံးတွန့်ခနဲတောင့်သွားရသည်။
ကျွန်တော့်ကို ခါးခါးသီးဖြစ်နေတဲ့ ထိုကောင်လေးကိုကျွန်တော်ကဘယ်နည်းနဲ့ဆွဲချလာရမှာလဲ?
ကိုယ့်ကိုမုန်းနေတဲ့လူတစ်ယောက်ကိုပြန်မမုန်းနိုင်ပေမယ့် ထိုလူနဲ့တော့ ကင်းကင်းနေချင်တာတော့အမှန်ပဲ
မ ကခိုင်းတော့ကျွန်တော်လည်းပေတေပြီးဆက်ရပ်နေလို့မရပြန်ဘူး။
ကျွန်တော်လည်း မပီပြင်တဲ့သက်ပြင်းတစ်ခုနဲ့အတူ အပေါ်ထပ်အိပ်ခန်းဆီတက်သွားလိုက်ရသည်။
"Knock ""
ကျွန်တော်တံခါးကိုခေါက်ပြီး အသံပေးလိုက်တယ်။ ပြီးတော့ သူတံခါးလာဖွင့်တာကိုစောင့်မနေဘဲ အိပ်ခန်းတံခါးကိုတွန်းဖွင့်ချလိုက်သည်
ကျွန်တော်တံခါးဖွင့်လိုက်တော့ ကွန်ပျူတာစားပွဲရှေ့မှာ တတောက်တောက်နဲ့စာရိုက်နေတဲ့ အဲ့ကောင်လေးက အလန့်တကြားနဲ့တပတ်လည်လှည့်ကြည့်လာတယ်
"ခင်ဗျားဘာလာလုပ်တာလဲ?"
သူ့ပါးစပ်ကထွက်လာတဲ့ "ခင်ဗျား" ဆိုသောအခေါ်အဝေါ်တစ်ခုကြောင့် ကျွန်တော်စိတ်ညစ်စွာနဲ့ လည်တချက်ဟိုဘက်လှည့်လိုက်ရတယ်
ယဉ်ကျေးမှုမရှိတဲ့ ဒီအသုံးအနှုန်းကိုကျွန်တော်မုန်းတာကြောင့်ပဲ။
YOU ARE READING
ဦး ရဲ့ ငယ်
FanfictionThis fic is written in both Unicode and Zawgyi. Unicode အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ Zawgyi အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ By Mhuu99