ဦး ရဲ့ ငယ် Ch-4

1.7K 163 11
                                    

Unicode (zawgyi below)

Taeyong's POV

ကျွန်တော်နဲ့ ထိုပထွေးကို ၁၀ ရက်ကြာအောင်ဒီတစ်အိမ်တည်းမှာထားခဲ့မှာတဲ့

ပြန်စဉ်းစားကြည့်လိုက်တိုင်း လက်လှမ်းမမှိတဲ့သဇင်ပန်းကိုခူးပြီးခါမှ မြေအောက်ပြုတ်ကျသွားသလိုခံစားရတယ်။

ဘယ်လိုအတွေးနဲ့များဒီလိုစကားတွေပြောထွက်ရက်တာလဲ?

ခေါင်းငုံ့မခံချင်တဲ့စိတ်တို့က ထိုးထောင်နေ၍ ဒါကိုထပ်ပြီးအာခံဖို့ အမေ့ရဲ့အခန်းထဲကို တံခါးခေါက်သံရော ၊ အသံရောမပေးဘဲနဲ့ စွတ်ဖွင့်ပြီးဝင်သွားမိတယ်

ဒီလိုသတ္တိဆိုတာကလည်း Jaehyun ကအောက်ထပ်မီးဖိုးချောင်မှာ ကျွန်တော်တို့ညစာစားပြီးသားပန်းကန်တွေဆေးနေလို့ အမေ့အခန်းထဲမှာသူမရှိတာကိုကျွန်တော်သိနေလို့သာအခန်းထဲဝင်ဖို့အားရှိနေတာဖြစ်တယ်

အုပ်ထိန်းသူဆိုတဲ့နေရာမှာနေပြီး ကျွန်တော့်ရဲ့လွတ်လပ်ခွင့်ကအစ ငွေကြေးကအဆုံးချုပ်ကိုင်ထားသူတစ်ယောက်ရဲ့အရှေ့မှာ အာခံမိရင်ကျွန်တော် အိမ်ထဲမှာပဲချုပ်နှောင်ခံရနိုင်ဖွယ်ရှိတယ်။ ဒါမှမဟုတ် သူ့လက်ထဲက ကျွန်တော်ဆိုတဲ့ကြက်ပေါက်တစ်ကောင်ကဘာဖြစ်မယ်ဆိုတာကျွန်တော်လည်းသေချာမသိနိုင်ဘူးလေ

"Omma"

အခန်းထဲဝင်သွားလိုက်တော့ အမေက ဖိုင်တွဲတစ်တွဲကိုငုံ့ကြည့်နေတယ်

အမေဆိုသည်မှာလည်း နောက်ယောက်ျားရသွားသည့်တိုင် ထိုယောက်ျားရဲ့လက်ထက်အလုပ်ကဖိုင်တွဲတွေကိုပိုကိုင်တတ်တဲ့မိန်းမတစ်ယောက်သာ.....

"သား!! အမေတို့အခန်းထဲဝင်လာရင်အသံပေးရမယ်လို့ပြောထားတယ်လေ မင်းအရင်ကလိုဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရတဲ့ အမေတစ်ယောက်တည်းရှိတဲ့အခန်းမှာမဟုတ်တော့တာ။"

"Jaehyun ကအောက်ထပ်မှာရှိနေတာကိုသိနေလို့ ၊ အမေတစ်ယောက်တည်းဒီမှာရှိနေတာကိုသိနေလို့ ဝင်လာတာ"

"မင်းပြောတဲ့ Jaehyun ဆိုတာဘာလဲ? Taeyong! မင်းမယဉ်ကျေးရင်တောင်မရိုင်းရဘူးလေ"

"ဦး ကိုပြောနေတာ"

အမေကအစ ထိုလူမှထိုလူဖြစ်နေတာတွေကို အမေ့ရဲ့သားအရင်းခေါက်ခေါက်ဖြစ်တဲ့ကျွန်တော်ကပိုမုန်းတယ်။ ထိုလူကကျွန်တော်ပထွေးမို့လို့ပေသာပဲ။ အမေထပ်ခေါ်လာတဲ့မွေးစားသားသာဆိုရင် နပန်းသတ်ကွင်းထဲကနေ ၂ယောက်လုံးခေါင်းဖော်နိုင်တော့မှာမဟုတ်ဘူး

ဦး ရဲ့ ငယ်Where stories live. Discover now