ဦး ရဲ့ ငယ် Ch-14

1.5K 156 19
                                    

Unicode (zawgyi below)

Taeyong's POV

"ဦး ငယ့်ဘေးမှာ ၃ ရက်လောက်ရှိနေနိုင်မှာမဟုတ်ဘူး Swiss ဘက်ကို project ကိစ္စအတွက်သွားရမယ် ငါမရှိဘဲတစ်ယောက်တည်းနေလို့ဖြစ်တယ်မလား"

ကျွန်တော့် နှဖူးပေါ်ကဆံပင်တွေကိုသပ်ရင်းပြောသွားတဲ့ ဦးရဲ့စကား

ကျွန်တော် ဘေးတစောင်းလှဲပြီး သက်ပြင်းချလိုက်တယ်

အဖျားလေးနည်းနည်းကျသွားတာနဲ့ကျွန်တော့်ကိုထားသွားပြီ

ဦးတွေများမကောင်းကြပါဘူး

သူမရှိလို့အဖျားပြန်တက်နေတာကျတော့သူကဘယ်လိုသိတော့မှာလဲ Swiss ဘက်ကိုရောက်သွားတဲ့သူကကျွန်တော့်ကိုဖုန်းဆက်ပြီးအခြေအနေမေးဖို့တောင်မေ့နေတယ်

ကျွန်တော့်ကိုသူဟိုဘက်ကနေ ဖုန်းမဆက်လို့ အဆက်အသွယ်မလုပ်လို့

အင်း

အဲ့အကြောင်းလေးနည်းနည်းတွေးလိုက်မိတာနဲ့ ကျွန်တော်မျက်ရည်တွေဝဲလာတယ်

အခုတလောစိတ်ခံစားချက်တွေသိပ်ပြင်းထန်လွန်းနေတယ်

နေမကောင်းတာကြောင့်လည်းပါမယ်ထင်တယ်

လွန်ခဲ့တဲ့ ၂ ရက်ကျော်က ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့ ဦးနဲ့ကျွန်တော်ရဲ့ည

အဲ့ညတစ်ညကိုကျွန်တော်ဖြတ်သန်းပြီးကတည်းကစိတ်ခံစားချက်တွေကထင်တာထက်သိပ်လွယ်နေခဲ့တယ်

ဦးကမနက်ဖြန်ပြန်လာမယ်လို့ မန်နေဂျာကင်ကိုပြောခဲ့တယ်

ကျွန်တော့်ကိုဖုန်းဆက်ပြီးတိုက်ရိုက်ပြောမယ့်အစား မန်နေဂျာကတစ်ဆင့်ပြောခိုင်းလေရဲ့

ကျွန်တော့်ကို သူ့ကိုယ်စားအနေနဲ့ပြုစုစောင့်ရှောက်ဖို့ မန်နေဂျာကင်ကိုထားခဲ့မယ်တဲ့

အခုတစ်အိမ်လုံးမှာ ကျွန်တော်နဲ့အဲ့မန်နေဂျာကြီးပဲရှိတယ်

ဦးကိုခြေဖျားလောက်တောင်မမှီတဲ့လူကြီးနဲ့ ဦးကကျွန်တော့်ကိုထားခဲ့တယ်

မနက်ဆိုရင်လည်း ကျွန်တော့်ကို ဦးလိုမျိုး လာမနှိုးဘူး

ဦး ရဲ့ ငယ်Wo Geschichten leben. Entdecke jetzt