Unicode (zawgyi below)
Jaehyun's POV
ရွှီးခနဲ ဆင်ဝင်အောက်ထိုးရပ်လိုက်တဲ့ ကျွန်တော်စီးလာတဲ့ကား!
အိမ်ဝမှာရပ်စောင့်နေတဲ့ ကျွန်တော်ထားခဲ့တဲ့မန်နေဂျာကင်။မန်နေဂျာကင်တစ်ယောက်တည်း အိမ်ရှေ့မှာစောင့်နေတော့ ဘေးဘက်ကိုလှည့်ကြည့်မိပါတယ်။ ငယ်ရှိမနေပါဘူး ရောက်ရောက်ချင်း ငယ့် ကိုမတွေ့တော့စိတ်ထဲတင်းခနဲဖြစ်သွားတယ်။ ထားပါလေ ငယ်ကဘယ်တုန်းကကျွန်တော့်အတွက်စောင့်နေတတ်လို့လဲ?
ကားဆိုက်လာတော့ မန်နေဂျာကင်ကချက်ချင်း ကားတံခါးကိုလှမ်းဖွင့်လာတယ်
အဆင်သင့်ဖွင့်ပေးတဲ့သူ့ကြောင့်ကျွန်တော်ကားပေါ်ကကျော့ကျော့မော့မော့နဲ့ဆင်းလိုက်တယ်
ကားနောက်ဖုံးကို မန်နေဂျာကင်က ချက်ချင်းပြေးဖွင့်ပြီး ကျွန်တော့်ရဲ့ခရီးဆောင်အိတ်တွေကိုဆွဲယူနေတယ်
ကျွန်တော်ကတော့ ခရီးဆောင်အိတ်တွေသယ်နေတဲ့ မန်နေဂျာနဲ့ driver ကိုကျော်ပြီး အိမ်အပေါ်ထပ်ကိုတက်လာခဲ့တယ်
မန်နေဂျာကင်ကိုကျွန်တော် Swiss ကနေ မနက်တစ်ခါ ညတစ်ခါမေးတာကတော့ ငယ်ကနေကောင်းနေပြီတဲ့ ဆန်ပြုတ်လည်းတိုက်သလိုဆေးသောက်ဖို့အချိန်လည်းမကျော်အောင်ဂရုစိုက်တယ်တဲ့
ကျွန်တော်ငယ့်အခန်းထဲဝင်သွားတော့ ငယ်ကအိပ်ရာထဲမှာလှဲနေတယ်
ကျွန်တော်ဝင်လာတဲ့အသံကငယ့်ကိုနိုးသွားစေလားမသိ။ ချက်ချင်းထလာပြီး ကျွန်တော့်ဆီလျှောက်လာတယ်
"ပြန်လာပြီလား"
မန်နေဂျာကင်ပြောတော့နေကောင်းပြီဆိုပြီး ဘာလို့ငယ်ကပိုပိန်သွားရတာလား
ပါးရိုးတောင်နည်းနည်းပေါ်နေပြီဖြစ်တဲ့ ငယ့်ပါးပိန်ပိန်လေးတွေကို ကျွန်တော်ပွတ်သပ်ပြီးစမ်းကြည့်မလို့လုပ်လိုက်သေးတယ်
မသင့်တော်ဘူးထင်လို့ ကျွန်တော်လက်ကိုနေရာမြှင့်လိုက်ပြီး ပါးပြင်ပေါ်တင်ရမယ့်အစား ငယ့်ခေါင်းပေါ်သာတင်လိုက်တော့တယ်
"ငယ် ဦးရဲ့ပေါင်မုန့်ကိုစားလိုက်မိတယ်"
ဟင်?!
ŞİMDİ OKUDUĞUN
ဦး ရဲ့ ငယ်
Hayran KurguThis fic is written in both Unicode and Zawgyi. Unicode အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ Zawgyi အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ By Mhuu99