ဦး ရဲ့ ငယ် Ch-10

1.6K 159 2
                                    

Unicode (zawgyi below)

Jaehyun's POV

တဖြည်းဖြည်းနဲ့ညဉ့်နက်ကာ နောက်တစ်ရက်မနက်ပိုင်းအစကိုကူးခါနီးနေပြီဖြစ်သည်။

ငယ်ကအခုထက်ထိမအိပ်သေးဘဲ အပြစ်သားတစ်ယောက်လိုမှိုင်နေတယ်။

ည ၂ နာရီကျော်ဆိုတာ ငယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့အချိန်။ ကျွန်တော်ကတောင် အလုပ်တွေကြောင့် တစ်ခါတစ်လေမအိပ်ရတဲ့ညတွေရှိတယ်

အခုလိုသူမအိပ်တော့ သူတစ်ခုခုဖြစ်သွားမှာကိုကျွန်တော်စိုးရိမ်မိသည်။

"ငယ်! အိမ်ပြန်မလား? ငယ်မအိပ်ရသေးဘူးလေ"

ဈာပနအခန်းထဲမှာ ကျွန်တော်တို့ ၂ ယောက်ကလွဲလို့ဘယ်သူမှမရှိတော့။

ကျွန်တော်မေးလိုက်တော့သူလေးပင်စွာခေါင်းခါလာသည်။

သူ့သူငယ်ချင်းတွေလာလို့ကျွန်တော်ရှောင်ထွက်တဲ့အနေနဲ့ အနီးအနားစားသောက်ဆိုင်သွားထိုင်ရင်းက ငယ် စားဖ်ု့အတွက်ဝယ်လာတဲ့ ခေါက်ဆွဲကြော်ကလည်း ဘူးခွံထဲမှာပဲ အေးစက်သွားပြီဖြစ်သည်။

အစားမဝင် ၊ အအိပ်ပျက်တဲ့အထိ ငယ် အတော်လေးစိတ်ထိခိုက်နေပုံရတယ်

"ငယ်! အိမ်ပြန်မအိပ်ရင်တော့ အစားလေးတော့ဝင်အောင်စားပါလား"

ကျွန်တော့်အသံတွေက အားတင်းထားပေမယ့်ဝမ်းနည်းမှုကြောင့်အေးစက်လွန်းနေတယ်။

"ငယ်~"

ကျွန်တော်နောက်တစ်ကြိမ်ထပ်ခေါ်လိုက်တော့ ဟိုဘက်ဘေးနံရံမှာမှီပြီးထိုင်နေတဲ့ ငယ်က ကျွန်တော့်ဘက်ကိုအမြန်ရွှေ့ပြီးကပ်လာတယ်။

ရုတ်တရက်ဘာဖြစ်သွားတာလဲပဲ

ကျွန်တော့်ရဲ့အင်္ကျီစတွေကို ငယ် ကတင်းကျပ်နေအောင်ဆွဲထားပြီး မျက်ရည်စတွေမဆဲသော မျက်လုံးတွေနဲ့ကျွန်တော့်ကိုစိုက်ကြည့်နေတယ်

သူ့အမေဆုံးတာ ကျွန်တော့်ကြောင့်ဆိုပြီး အပြစ်ရှာတော့မယ့်မျက်လုံးတွေလို့ ကျွန်တော်အမြန်ကောက်ချက်ချလိုက်မိသည်။

"ဦး!  ငယ့် ကိုမုန်းတယ်မလား"

ကျွန်တော်ချက်ချင်းပြန်မဖြေလိုက်နိုင်ဘူး

ဦး ရဲ့ ငယ်Where stories live. Discover now