ဦး ရဲ့ ငယ် Ch-5

1.6K 149 0
                                    

Unicode (zawgyi below)

Taeyong's POV

အမေခရီးသွားတော့ ကျွန်တော်တစ်ယောက်တည်း အိမ်မှာအားယားနေ၍ ဦး ကိုအတင်းခွင့်တောင်းကာ အိမ်အပြင်ကိုထွက်လာခဲ့တယ်။ အမေကကျွန်တော့်ကို ကလေးကြီးတစ်ယောက်လိုထားတာကြောင့် ဟိုသွားဒီသွား လိုက်ရား လိုက်ရားလုပ်တာတွေကိုသိပ်ခွင့်မပြုတတ်ဘူး။ ဒါတောင်ကျွန်တော်ကယောက်ျားလေးဖြစ်လို့ အပြင်ထွက်ခွင့်ပေးတာ။ မိန်းကလေးသာဖြစ်ခဲ့ရင်အကျယ်ချုပ်နဲ့တစ်သက်လုံးနေရမှာ လုံးဝသေချာတယ်။

အမေနဲ့အဲ့လူကြီးမင်္ဂလာဆောင်ပြီးကတည်းက ကျွန်တော်အိမ်မှာအကျယ်ချုပ်ကျနေတာ ၂ ပတ်နီးပါးလောက်ရှိပြီ။ အခြေအနေမတည်ငြိမ်တာကြောင့်ရော ၊ အမေကလည်း လုံးဝမထွက်ရဘူးလို့တားမြစ်ထားတာကြောင့်ရောတွေပေါ့....

ဒါ့ကြောင့်လည်းအခုလို အပြင်ထွက်ရတော့ လှောင်အိမ်ထဲက ယုန်တစ်ကောင်လိုအသားကုန်ပြေးထွက်လာခဲ့တာ။ အပြင်ထွက်တော့ ကျွန်တော် ဦး ဆီကသူ့ရဲ့ကားသော့ကိုတောင်းခဲ့တယ်။ သူ့ရဲ့ပြိုင်ကားကြီးနဲ့ Mark တို့နဲ့ချိန်းထားတဲ့စားသောက်ဆိုင်ကိုကျွန်တော်လာခဲ့တာဖြစ်တယ်။

အမေက ကျွန်တော့်ကိုဆိုရင်ဘယ်တုန်းကမှကားပေးမမောင်းလို့ ကားစီတီယာတိုင်ကို ကိုင်တောင်မကိုင်ဖူးခဲ့။ ကားမောင်းသာသင်ပေးထားတယ်။ ကားပေးမမောင်းသလိုကိုယ်ပိုင်ကားလည်းမအပ်နှင်းခဲ့ဘူး။ ကိုယ်ပိုင်ကားရှိရင်လမ်းသလားပြီးမာန်တက်နေမှာစိုးလို့ တဲ့

အခုလိုစမောင်းဖူးတဲ့အခါကျတော့လည်း ပူဆာကောင်းတော့လည်း အဲ့လူကြီးရဲ့ ပြိုင်ကားကိုမောင်းရတယ်တို့ဘာတို့ပေါ့လေ။

မချစ်သော်လည်းအောင့်ကာနမ်းဆိုတာဒါမျိုးပေါ့လေ

ချိန်းထားသောစားသောက်ဆိုင်ရှေ့ရောက်တော့ ကျွန်တော်ပြိုင်ကားအနီရောင်ကြီးကို ရှဲခနဲထိုးရပ်ချလိုက်တယ်။ ကားပေါ်ကနေ ကျွန်တော်ဆင်းလာတာကို Mark တို့ HaeChan တို့ကမြင်တော့ Wow reaction ကို bill မကုန်ဘဲပေးလာကြသည်

"ဟေ့ကောင်! မင်းက ကားတွေဘာတွေကိုယ်တိုင်မောင်းလို့ပါလား" - Do Young

ဦး ရဲ့ ငယ်Where stories live. Discover now