ဦး ရဲ့ ငယ် Ch-6

1.8K 166 21
                                    

Unicode (zawgyi below)

Jaehyun's POV

"ခင်ဗျားဘယ်လိုလုပ်ပေးမှာလဲ??? ပြောာာ!!!! "

သူ့ကားစုတ်ပြတ်သတ်သွားလို့အော်ကြီးဟစ်ကျယ်ပြောနေတဲ့ ကျွန်တော့်ထက်အသက်အနည်းငယ်သာကြီးသော လူတစ်ယောက်....

"ဦးရေကျွန်တော်ကားတိုက်မိပြီ" ဆိုပြီး ငယ် ဖုန်းဝင်လာကတည်းကသူပြောတဲ့နေရာကိုကျွန်တော်အမြန်ဆုံးဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ရတာ

အမောမစို့ခင်မှာတွေ့လိုက်ရတာက တံခါးပိန်ချိုင့်နေပြီး ကားပုံစံသိပ်မရှိတော့တဲ့ကား

နောက်ပြီး ရှေ့ဖုံးလေးတွန့်ပြီးလန်နေတဲ့ ကျွန်တော့်ရဲ့ပြိုင်ကားအနီရောင်လေး

အင်းးးးးးးး

အပြစ်ဆိုချင်သော်လည်း အုပ်ထိန်းသူတစ်ယောက်ပီပီ စ်တ်ညစ်သောသက်ပြင်းကိုသာ ဆဲချင်ဆိုချင်သောစိတ်တွေနဲ့အတူမှုတ်ထုတ်ချလိုက်သည်။

ငယ် ရယ်

မင်းဘယ်လိုများတိုက်ချလိုက်ရတာလဲကွာာာ

ကျွန်တော့်ကိုအမြဲအတိုက်အခံလုပ်နေတဲ့ ထိုကောင်လေးက ဒီလိုအတိုက်ကျတော့လည်း skill ကျွမ်းသားပဲ

ကျွန်တော်စိတ်ညစ်စွာနဲ့နှဖူးကိုလက်နဲ့ဖိပွတ်လိုက်ပြီးနောက်

ထိုလူ့ကိုကျွန်တော်ခေါင်းငုံ့ကာ ဦးညွှတ်လိုက်ပြီး

"nae!! ကျွန် ကျွန်တော် တောင်းပန်ပါတယ်နော် ကျွန်တော်...."

"ဘာ ဘာ ဘာ??!! Aigoooo လူတွေများအံ့သြဖို့ကောင်းလိုက်တာ ဒီလောက်သန့်သန့်ပြန့်ပြန့်ဝတ်စားထားပြီး တောင်းပန်တယ်ဆိုတဲ့စကားတစ်ခွန်းကိုအလွယ်ပြောတတ်သေးတာပဲ"

ထိုလူကကျွန်တော့်ကိုအပေါ်အောကါကြည့်ပြီး မထိတပါးပြောလိုက်သည်။

သူ့ကြည့်ရတာလည်း သူ့ကားတော်တော်လေးထိသွားတော့ဒေါသငယ်ထိပ်ရောင်နေပုံပေါ်တယ်

အေးလေ

ငယ်ကလည်း ရပ်ထားတဲ့ကားကိုမှအသားလွတ်ဝင်တိုက်မိတာကို

Lee Taeyong ခေါ် ငယ် ကတော့ကျွန်တော့်ရဲ့အနောက်မှာအေးအေးလေးရပ်နေတယ်

ဦး ရဲ့ ငယ်Where stories live. Discover now