ဦး ရဲ့ ငယ် Ch-17

1.8K 153 27
                                    

Unicode (zawgyi below)

1 week later

Taeyong's POV

ဆေးရုံကဆင်းလာတာ ၂ ရက်ပဲရှိသေးတယ်ဆိုပေမယ့်ကျွန်တော် ထူထူထောင်ထောင်လေးဖြစ်လာပြီ

ဒါဦးရဲ့ကျေးဇူးတွေအများကြီးပါတယ်

ခပ်ရေးရေးနိုးနေပေမယ့် အိပ်ရာထဲနှပ်နေချင်သေးတဲ့ကျွန်တော်က ဖက်လုံးကိုခွပြီး ပြန်မျက်လုံးမှိတ်ထားလိုက်တယ်။ ပြန်နှပ်ချင်နေတာလား လ်ု့ကျွန်တော်ကိုယ့်ဘာသာတော့ပြန်မေးမိပါတယ်။ ဒါပေါ့ ပြန်မှိန်းနေချင်တာ ကျွန်တော်ဒီလိုပဲတွေးလိုက်တယ်

ဒါပေမယ့် စိတ်ထဲမှာတစ်ခုခုကိုစောင့်မျှော်နေမိသလိုခံစားနေရတယ်

အချိန်ဟာ မနက် ၇ နာရီပဲရှိသေးတယ်

တစ်နာရီလိုနေတဲ့အချိန်ကိုကျွန်တော်ထပ်စောင့်ရင်းမှိန်းနေမိတာဖြစ်တယ်။

အရင်က နိုးရင်ကောက်ထလိုက်တတ်ပေမယ့် အခုတော့ လူတစ်ယောက်ရဲ့အထိအတွေ့နဲ့နှိုးတာကိုစောင့်နေမိတယ်။

ဦးမှမနှိုးရင် ကျွန်တော်အိပ်ရာကမထတတ်တော့ဘူး

"ငယ်ရေ ထတော့လေ" ဆိုတဲ့စကားကိုမှမကြားရရင် ကျွန်တော်အိပ်ရာကမထတတ်တော့ဘူး

ဦး ကကျွန်တော့်ကိုစောင့်ရှောက်တယ် ဆုံးမတယ်နဲ့သာပြောနေတာ တကယ်တမ်းကျတော့ ဦး ကကျွန်တော့်ကိုဖျက်ဆီးနေတာပဲ

ဦး နှိုးမှ အိပ်ရာထတတ်တဲ့အကျင့်ဆိုးကြီးနဲ့ကျွန်တော့်ကိုစဖျက်ဆီးတော့တာပဲ

အရင်ကနေမကောင်းရင် ခွေနေတတ်ပြီး ကိုယ့်ဘာသာကိုယ်သာ ဟင်းထမင်းလုပ်စားသော်လည်း အခုတော့ နေမကောင်းရင် ဦး ရဲ့ တယုတယပြုစုတာတွေနဲ့ပြန်နေကောင်းချင်တော့တာပဲ

ဒီအကျင့်ဆိုးကလည်း ဦး ကြောင့်ရခဲ့တာ

ဆေးရုံမှာ အိပ်မပျော်လို့ ဦး ချော့သိပ်ခဲ့တဲ့နေ့ကစပြီး အိပ်မပျော်ရင် ဦး ချော့သိပ်တာကိုပဲခံချင်တော့တယ်

အရင်ကလို သီချင်းအေးအေးလေးတွေနားထောင် မုန့်တွေထစား စာအုပ်ဖတ် စတဲ့နည်းတွေနဲ့ ကိုယ့်ကိုယ်ကိုအိပ်ပျော်အောင်ကြိုးစားချင်စိတ်မရှိတော့ဘူး

ဦး ရဲ့ ငယ်Donde viven las historias. Descúbrelo ahora