Unicode (zawgyi below)
Jaehyun's POV
hoodie ခရမ်းရောင်နဲ့ ဦးထုပ်ဝတ်ထားပြီး ကျွန်တော့်နောက်ကနေလိုက်လာတဲ့ ကောင်လေးမှာ ဖုန်းတစ်လုံးကလွဲရင်ဘာမှမရှိ။
အလုပ်ကိစ္စကိုဆွေးနွေးမယ့် Chungha ကလည်းဒီနေ့မအားတာကြောင့်ကျွန်တော်မနက်ဖြန်မှ အလုပ်လုပ်ရမှာမို့ ဒီနေ့တော့ ငယ့်အတွက်ကောင်းကောင်းမွန်မွန်လျှောက်လည်ပေးဖို့ဆုံးဖြတ်လိုက်တယ်
Venice မြို့က ရေနဲ့ကုန်းကို အဆက်အဟက်မျှတစွာ ဂဟေဆော်ထားတဲ့မြို့တစ်မြို့လိုဖြစ်နေတာကြောင့် လမ်းလျှောက်နေရင်းနဲ့လည်း လမ်းကြားလေးတွေနားရောက်ရင် ချောင်းငယ်လေးတွေကိုတွေ့ရတယ်
ကုန်းပေါ်မှာလျှောက်သွားရင်းနဲ့ ချောင်းငယ်တွေကိုတွေ့နေရတာဟာ ကျွန်တော်တို့ Seoul မှာမမြင်ဖူးတဲ့အရာဖြစ်လို့ထူးဆန်းမှုဖြစ်ခဲ့ကြတယ်
နိုင်ငံခြားသားကလည်းဖြစ်တော့ တစ်နေရာရာကိုသွားဖို့လိုက်ရှာနေရင်း ရေတွေ့လို့ နောက်ပြန်လှည့်ပြီး မျက်စိလည်ရတာတွေလည်းရှိတယ်
ငယ်ကတော့ကျွန်တော့်နောက်ကလိုက်ရုံကလွဲလို့ဘာမှမသိလို့ ကျွန်တော့်လောက်ခေါင်းရှုပ်မယ်မထင်။
ကားလမ်းမကိုရှာရင်းနဲ့လမ်းကြားအသွယ်သွယ်မှာ ဟိုပတ်ဒီပတ်နဲ့ ရေတွေ့လို့ပြန်ပတ်ရှောင်ရတာတွေနဲ့ ကျွန်တော့်မှာတော့ဗျာများနေခဲ့ရတယ်
အခုလမ်း ဒီဘက်လမ်းကြားအဆုံးကိုရောက်ပြန်တော့လည်း ရေသာတွေ့ရလို့ ကျွန်တော်စိတ်ညစ်သွားရတယ်
"ငယ်"
ကျွန်တော်ခေါ်ပေမယ့် ငယ်ကကျွန်တော့်အနောက်ကနေပြန်ထူးတဲ့အသံထွက်မလာခဲ့။ ကျွန်တော်ကားလမ်းကြီးကိုရှာနေလို့လမ်းကြားတွေကိုပတ်နေခဲ့တဲ့အချိန်တစ်လျှောက်လုံး ငယ်က ကျွန်တော့်ကိုစကားတစ်ခွန်းမှမပြောခဲ့။
ကျွန်တော်အနောက်လှည့်ကြည့်လိုက်တော့ italy ရဲ့အုတ်ကြွတွေနဲ့လုပ်ထားတဲ့ မြေပြင်ကိုငုံ့ကြည့်နေသော ငယ်။
ငယ်ရဲ့ နားထဲက air pods ကိုဆွဲထုတ်လိုက်တယ်
air pods ကိုဆွဲထုတ်လိုက်တော့ ဖျတ်ခနဲကျွန်တော့်ကိုလှမ်းကြည့်လာတဲ့ ငယ့် အကြည့်တွေကိုကျွန်တော်ဘဝင်မကျပါ
YOU ARE READING
ဦး ရဲ့ ငယ်
FanfictionThis fic is written in both Unicode and Zawgyi. Unicode အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ Zawgyi အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ By Mhuu99