ဦး ရဲ့ ငယ် Ch-22

749 88 9
                                    

Unicode (Zawgyi below)

Taeyong's POV

ကျွန်တော်ဒီစားပွဲမှာထိုင်နေတာ ပျှမ်းမျှ ၃ နာရီလောက်တော့ရှိပြီ
ကျွန်တော့်အရှေ့ကပန်းကန်တွေအကုန်ပြောင်သလင်းခါသွားသော်လည်း ကျွန်တော် cola တစ်ခွက်ကိုအချိန်ဆွဲသောက်ရင်းထိုင်နေတုန်း။
ကျွန်တော်ပိုက်ဆံမရှင်းနိုင်သေးသရွေ့ကျွန်တော်ဒီစားပွဲကနေထလို့မရဘူး

မကိုင်နိုင်တဲ့ဖုန်းကိုလည်းကျွန်တော်တောက်လျှောက်ဆက်နေတုန်း
အချိန်အတော်ကြာတဲ့အထိ စားလို့ကုန်သွားတာတောင်မှ စားပွဲကမထတဲ့ကျွန်တော့်ကို ကောင်တာကငွေကောက်သူရော စားပွဲထိုးလေးတွေကပါ တစ်ချက်တစ်ချက်လှမ်းကြည့်လာပြီဖြစ်တယ်

အင်း
ဒါသူတို့ကျွန်တော့်ကိုအထင်သေးလာကြတာပဲဖြစ်မယ် ကျွန်တော်စားထားတဲ့ဒီစားဝိုင်းကိုမရှင်းနိုင်ဘူးဆိုပြီးအထင်သေးလာကြတာဖြစ်တယ် ကျွန်တော့်မှာ ကျွန်တော်ဘာသုံးသုံးလိုက်ရှင်းမယ့် ဦးတစ်ယောက်လုံးရှိနေတယ်ဆိုတာကိုသူတို့မသိဘူး
ကျွတ် ကျွတ်  အဲ့အချက်ကိုမသိတာဟာသူတို့တော်တော်လေးဉာဏ်မမီကြတာပဲ သူတို့မှာတောင်ကျွန်တော့်လိုဦးရှိလို့လား

သို့သော်လည်းဆက်တိုက်ဆက်တာကိုမကိုင်တဲ့ဦးရဲ့ဖုန်းနံပါတ်ကိုထပ်ငေးမိတော့ကျွန်တော် ကိုယ့်ကိုယ်ကိုဝေဝါးကာယုံကြည်ချက်ပြန်ပျောက်သွားခဲ့တယ် ကျွန်တော့်မှာဦးရှိနေတာရောဟုတ်ရဲ့လား

ကျွန်တော်ကပဲသူ့ကို ကျွန်တော့်နားမှာရှိနေပါတယ်ဆိုပြီးအတင်းလုပ်ယူနေတဲ့လူတစ်ယောက်များဖြစ်နေခဲ့တာလားဒီလိုသာဖြစ်ခဲ့ရင် ကျွန်တော်ကြုံတွေ့နေရတဲ့အမှန်တရားကိုချိုအောင်လုပ်ယူရတော့မှာပေါ့

ခဏလေး ချိုအောင်လုပ်ဖို့အမှန်တရားကိုနောက်ခဏပို့ထား
အခု ကောင်တာကနေလှည့်တကြည့်ကြည့်ဖြစ်နေတဲ့ စားပွဲထိုးလေးနဲ့ စားပွဲထိုးဝတ်စုံမဟုတ်ဘဲပိုသပ်ရပ်တဲ့ဝတ်စုံကိုဝတ်ထားတဲ့နောက်လူတစ်ယောက်ကကျွန်တော်ထိုင်နေတဲ့ စားပွဲဆီကိုလျှောက်လာနေပြီ

ကျွန်တော်ဖင်မငြိမ်ချင်တော့ဘူး
ထိုင်ရမလို ထရမလိုနဲ့လေ
ဆက်ထိုင်ပြီး မသိချင်ယောင်ဆောင်နေရမလား ထပြီးပြေးရမလား စားပွဲကနေခဏထပြီး ဆိုင်အတွင်းမယောင်မလည်နဲ့လျှောက်လှည့်နေရင်ကောင်းမလား

ဦး ရဲ့ ငယ်Opowieści tętniące życiem. Odkryj je teraz