Unicode (zawgyi below)
Jaehyun's POV
"ဦး ဦး!!! ရေဆာတယ်"
အသံသဲ့သဲ့လေးကျွန်တော့်နားထဲဝင်လာတယ်
ကျွန်တော်လက်ဖဝါးအောက်က တစ်ခုခုလှုပ်ရှားသွားတာကိုကျွန်တော်ခံစားလိုက်ရတယ်
ကျွန်တော်ခေါင်းငုံ့ရင်းအိပ်နေရာကနေထလိုက်တော့ ကုတင်ပေါ်မှာလှဲနေတဲ့ ငယ်ကကျွန်တော်ကိုကြည့်နေတယ်
အိပ်ချင်မူးတူးဖြစ်နေတဲ့မျက်လုံးတွေကို ပွတ်လိုက်ပြီး
"aww အေး အေး ယူပေးမယ်"
ငယ့်လက်ဖမိုးပေါ်တင်ထားတဲ့ကျွန်တော့်လက်ကိုဖယ်လိုက်ပြီး ဟိုဘက်မှာတင်ထားတဲ့ ရေဘူးနဲ့ဖန်ခွက်ကိုသွားယူလိုက်တယ်
ကျွန်တော် ငယ့်ကိုစောင့်ရင်းနဲ့ သူအိပ်နေတဲ့လူနာတင်ကုတင်ဘေးမှာ သူ့လက်လေးကိုကိုင်ရင်းအိပ်ပျော်သွားခဲ့တာ
ငယ်ကအခုမှသတိရလာတယ်ထင်ပါရဲ့
အခုမှရေတောင်းတာဆိုတော့။
ရေထည့်လာတဲ့ ဖန်ခွက်ကိုဘေးကစားပွဲပေါ်ခဏတင်လိုက်ပြီး ငယ့်ကိုအုပ်မိုးလျက်ဖက်လိူက်တယ်
သူတစ်ယောက်တည်းဘယ်ထနိုင်ပါ့မလဲ
သူထိုင်နိုင်တဲ့အဆင့်လောက်ရောက်မှ သူ့ကျောနောက်မှာ မှီဖို့ခေါင်းအုံးခုပေးလိုက်တယ်
ပြီးမှ ရေခွက်ကိုငယ့်ကိုပေးလိုက်တော့ ငယ်က drip ပိုက်တွေတန်းလန်းတပ်ထားတဲ့လက်နဲ့ရေခွက်ကိုယူလိုက်တယ်
"ထပ်ယူဦးမလား"
ငယ်ကခေါင်းသာခါပြတယ်
သူ့နှုတ်ခမ်းတွေလှုပ်ရှားသွားပြီး ကျွန်တော့်ကိုလှည့်ကြည့်လာတော့ကျွန်တော်အနည်းငယ်ကျောမတ်လိုက်မိတယ်
ငယ်ကျွန်တော့်ကိုတစ်ခုခုပြောစရာရှိနေတယ်ဆိုတာကျွန်တော်သိနေတယ်လေ
"ဦးရဲ့ပေါင်မုန့်ကိုငယ်စားလိုက်မိတယ်"
ဟာာာ ဒီကလေးကလဲ
ဘာလို့ ငါ့ပေါင်မုန့်ကိုစားမိတာပဲပြောနေရတာလဲ
"အဲ့ပေါင်မုန့်ကဘာဖြစ်နေလို့ အဲ့ပေါင်မုန့်အကြောင်းပဲပြောနေရတာလဲ"
YOU ARE READING
ဦး ရဲ့ ငယ်
FanfictionThis fic is written in both Unicode and Zawgyi. Unicode အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ Zawgyi အကြောင်းရင်းခိုင်လုံသောအမှန်းမှသည် နူးညံ့သောအချစ်၏ရင်ခွင်ဆီသို့ By Mhuu99