Zawgyiစိမ်းစိုသော မြက်ခင်းပြင်ကျယ်...။
တစ်သွင်သွင် စီးဆင်းနေသော စမ်းချောင်းငယ်တို့ ခြံရံလျက်
ကိုယ်ခန္ဓာ ပျော့ပျောင်းစွာယိမ်းနွဲ့လှုပ်ရှားနေသော..
သူ့ဟန်ပန်...က...
ပန်းပွင့် တစ်ပွင့် လေအဝှေ့မှာ
ကဆုန်ပေါက် သလို..
ကိုယ်တော့်ရဲ့ နှလုံးအိမ်ထဲ...
ရိုးရှင်းစွာပဲ ၀င်ရောက်ခဲ့ တယ်...။ကိုယ်တော် ကတော့..အဲ့ဒါကို..အချစ်လို့ သတ်မှတ် လိုက်တယ်..ပန်းကလေး....။
::::::::::::: はな ::::::::::::::::
"အချစ်ဆိုတာကို..မောင်မင်း ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုချင်သလဲ..?
အာ...ကိုယ်တော် တောင်းပန်တယ်..
မကြားခဲ့ သလိုပဲ သဘောထားနေလိုက်ချေ.."ပန်းကလေးတစ်ပွင့်ရဲ့ ပုံရိပ်က စိတ်အာရုံထဲ
မနက် ဝေလီဝေလင်းကတည်းက
စိုးမိုးချဉ်းနင်းဝင်ရောက်နေတော့..
နောက်ဆုံး မနေနိုင်စွာ ဖြင့်ပင်..
နံဘေးက အယုံကြည်ရဆုံး ကိုယ်ရံတော် တပ်မှူးကို အမေးတော်ပါးမိသည်..။သို့ပေမယ့် ကိုယ်ရံတော် တပ်မှူးရဲ့ အချစ်ဇာတ်လမ်းကို မေ့လျော့ကာ ကိုယ့်ဆန္ဒကို ရှေးတန်းတင် မေးမိလိုက်ခြင်းဖြစ်နေတော့ အားနာရပြန်သည်...။
Kim JongDae လို့ အမည်တွင်သည့် တပ်မှုးကတော့ ကိုယ်တော့်ကျေးဇူးနဲ့ တစ်စုံတစ်ယောက်သောသူကို သတိရသွားသည် ထင်ရဲ့...။
မျက်ဝန်းတွေထဲ တမ်းတခြင်း အရိပ်အငွေ့တွေ ဖြတ်ပြေးသွားသည်...။အော်...မဖြစ်နိုင်တဲ့ ဇာတ်လမ်းတစ်ခုကို အဆုံးသတ်အထိ သွားကြမှာထက်စာရင်
အဝေးက လွမ်းဆွတ်တမ်းတ နေတာ..
ပိုကောင်းပါသည်လေ....။အများအမြင်မှာ ဘုရင်နဲ့ကိုယ်ရံတော် အနေအထားဖြစ်နေပေမယ့်လို့...
ငယ်ပေါင်းကြီးဖော် သူငယ်ချင်းအရင်းကြီးတွေ မို့လို့...
Jongdae ရဲ့ ဟောင်းလောင်းပေါက်နေဆဲ ဖြစ်သည့် နှလုံးသားငယ်၏ သမိုင်းကြောင်းကိုသိသူပီပီ..တိတ်တဆိတ်သာ...နေလိုက်တော့သည်...။သို့ပေမယ့်..Jongdaeက...
"ကိုယ်တော့်ပန်းကလေးကို..သတိရမိလို့လား..."
ဆိုကာ စကားစ ပြန်ဆက်ပေးလာသည်လေ....။
YOU ARE READING
Hana (はな) Chanbaek Season-1 [ Completed]
FanfictionSometimes, love is really fantastic