Hana 3...

5.7K 618 46
                                    

Zawgyi

ရှုပ်ထွေးပွေလီ စိတ်ပျက်ဖွယ်ရာ..နေ့စဉ်ဘ၀ တစ်ခုရဲ့ တစ်ခဏတာ အဆုံးသတ်ဖြစ်သည့် ယခုလို..ညချမ်းအချိန်အခါသည်..ကိုယ်တော့်အတွက် အပျော်ရွှင်ရဆုံး..အခါသမယတစ်ခု ဖြစ်သည်...။

မနက်မိုးလင်းလို့ မျက်စိ နှစ်လုံးပွင့်ကတည်းက..
စိတ်အထွေထွေ ဖြစ်ကြသော လူပေါင်းစုံကို
အုပ်ချုပ် ရတာဟာ သိပ်ကို စိတ်ညစ်ဖို့ကောင်းသည့် နိစ္စဓူဝ အလုပ်တစ်ခုပင်...။
ဖြစ်နိုင်လျှင်...အနီရောင် ၀တ်ရုံကြီးကို ချန်ထားပစ်ရစ်ခဲ့ကာ..
တောငယ်ဇနပုဒ်မှာ...ပုလွေငယ်တစ်ချောင်းနဲ့
ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းချင်မိသည်...။

"အထိန်းတော်ကြီး..ဒီည..လပြည့်နေ့လား..."

"မှန်လှပါ..ကိုယ်တော်.."

မပျော်မွေ့သည့် ဘ၀မှာ..
ပြတင်းပေါက်ငယ်ကို ဖြတ်သန်းကျဆင်းနေသည့်..လရောင် အနည်းငယ် ကိုပင်..နှစ်ခြိုက်စွာ ကြည့်ရှုတတ်ခြင်းဖြင့် ရသမျှပျော်ရွှင်မှုကို..
ရှာတတ်ဖွေတတ်ခဲ့သည်...။

စိတ်ချမ်းမြေ့စရာတွေပဲ စုပြုံကျရောက်နေခြင်းတော့မဟုတ်ပေမယ့်..
ဘေးနားမှာ..ဘယ်သူမှရှိမနေတဲ့ ဒီလို..ညချမ်းအချိန်အခါဟာ..
ကိုယ်တော့်အတွက်
တော့..တစ်နေ့တာရဲ့..
စိတ်ထွက်ပေါက်အနားယူချိန်လေးတစ်ခု ပင်...။

အထူးသဖြင့် လရိပ်လွှမ်းခြုံဖြာကျနေသည့်
့် ဒီလို ညမျိုးလေးဟာ...ကိုယ်တော့်အတွက် စိတ်အပန်းပြေလွန်းလှသည်...။

အမှန်ဆို..ဒီလို ညမျိုးမှာ..
စွဲလန်းမိသည့် ပန်းကလေးတစ်ပွင့်ရဲ့ အလှအပတရားကို စာရွက်ဖြူဖြူထက် ပန်းချီဆေးရေး တင်ပြီး..ဖွဲ့နွဲ့ ချင်ပေမယ့်လဲ..
အခုတော့...မင်းတစ်ပါးရဲ့ တာဝန်တွေနဲ့အညီ တစ်နေကုန်တစ်နေခန်း..
ဒေါင်ချာဆိုင်းကာ..တိုင်းပြည်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆွေးနွေးခဲ့ရသောကြောင့်..
လူလဲ နုံးချိနေပြီ...။
အခုတောင် ၀တ်ရုံတော်လဲလှယ်ဖို့ရာ..အထိန်းတော်ကြီးရဲ့..
အကူအညီကို..ယူနေရတာမို့..
ဒီနေ့တော့..ပန်းကလေးကို စိတ်ထဲကနေသာ..
တမ်းတလွမ်းဆွတ်နိုင်တော့မည် ထင်ရဲ့....။

"Han Bin မယ်မယ်...ကြွလာကြောင်းပါ..အရှင်...."

ဝတ်ရုံတော်လဲလှယ်ပြီးလို့ ကျောတော်ကို လှဲချ အနားယူမည် ကြံရုံရှိသေး...။
တံခါးဝကနေ လွင့်ပျံလာခဲ့သည့် အကြောင်းကြားချက်တစ်ခုကြောင့်..
ရှုပ်ထွေးမိသွားသည့် စိတ်ကို အတတ်သာဆုံးဖြေလျော့ ချမိလိုက်သည်...။

Hana (はな) Chanbaek Season-1 [ Completed]Where stories live. Discover now