Hana 16..

3.2K 447 56
                                    

Zawgyi

တိတ်ဆိတ်နေသော လေထုကို ခွင်း၍
သူ့နှုတ်ခမ်းပါးပါးတွေ..ဆီက..
လျှံထွက်ကျလာမည့်...
စကားလုံး..တစ်လုံးတိုင်းဟာ..
ဒီအချိန်မှာ..
ကိုယ်တော့်..နှလုံးအိမ်ကို..
အပ် နဲ့ ..ထိုးစိုက်နေသလို..
နာကျင်ခြင်းတွေ..ဆီ
ဆောင်ယူလို့..နေသည်....။

အခုလဲ...ဘာများ...ထပ်ပြော ဦးမှာလဲ.....။

မျက်ဝန်းလေးတွေထဲ...
တစ်ရိပ်ရိပ်နဲ့..ပြည့်လျှံကျလာတာ...
နှစ်မြို့ဖွယ်ရာ..ပျော်ရွှင်ခြင်းရဲ့..
အရိပ်အငွေ့တွေ..ဖြစ်နေပေမယ်လို့....

ကိုယ်တော့် အတွက်တော့..
သူနဲ့ထပ်တူထပ်မျှ..
ပျော်ရွှင်မှု..ဆိုတာ...ဖြစ်တည်လာနိုင်
ပါ့မလား....။

ဟင့်အင်း...
မျှော်လင့်ချက်ဆိုတာ..
ဗလာနတ္ထိကို..ဖြစ်နေတာပါ..လေ...။

"အမြဲတမ်းပြောဆိုနေကျဖြစ်ပေမယ့်လို့..
အခု..တစ်ခေါက်..ထပ်ပြောခွင့်ပြုပါ..
ခမည်းတော်..
ကျွန်တော်လေ..ခမည်းတော် ဘုရားကို..
သိပ်ပြီးကျေးဇူးတင်တာ သိလား...
သိပ်ကို..ချောမောလှပတဲ့..
သမီးတော်လေးတစ်ပါးကို..
ဖွားမြင်ပေးထားတဲ့..အတွက်..
ပြီးတော့...သားမက်တော်တစ်ယောက်အဖြစ်..
လွယ်လင့်တကူ..လက်ခံပေးတဲ့အတွက်...
အမြဲတမ်းကျေးဇူးတင်လျက်ပါ..
ဒီလို..အညတရ လူတစ်ယောက်ကို..
တော်ဝင်မိသားစုဝင်အဖြစ်..
နွေးထွေးစွာ..လက်တွဲ ခေါ်ပေးခဲ့တဲ့..အတွက်..ရော"

မျက်ဝန်းလေးတွေမှာ..အရောင်တလက်လက်
တောက်ပ နေတာ..ကြည့်ရတာ..
အရမ်း..ပျော်နေတဲ့ပုံပဲ...။

ငါကတော့..မင်းစကားအဆုံးမှာ..
အက်ကွဲ ကြောင်းရာ..
ဖန်တစ်ရာတေနေတဲ့..နှလုံးသားကို..
ချနင်းနေရတယ်...Baekhyun..။

အဟက်...။

ဘာဖြစ်လို့..အဲ့ဒီလို...မင်းကို
ငါ့အနီးအနားမှာ..အလွယ်တကူ..
ရှိနေစေခဲ့ တာလဲ..ဆိုတဲ့..
အကြောင်းရင်းကိုရော..
မသိချင်မိဘူးလား..
ပန်းပွင့်ငယ်...။

မင်းရဲ့..စကားအခွန်းတိုင်းမှာ..
ငါ့နှလုံးသား..တစ်စစီ ပြိုလဲ..အက်ကွဲ ကျနေရတဲ့..
အကြောင်းကိုရော...
အနည်းငယ်လောက်ပဲ ဖြစ်ဖြစ်..
မသိချင်မိဘူးလား...။

Hana (はな) Chanbaek Season-1 [ Completed]Where stories live. Discover now