Zawgyi
ချစ်တယ်လို့ တဖွဖွ ထိုင်ပြောနေရုံနဲ့
မလုံလောက်တော့တဲ့.. အခါ...
မင်းအကြောင်းတွေ သိချင်လာမိတယ်..
ပန်းပွင့်ကလေးရေ...။::::::::::::: はな ::::::::::::::::
"ဟိုးအရှေ့က..အနီရောင်..ကျွန်းသစ်သားတံခါးနဲ့..အိမ်ဟာ..ကြင်ယာတော်နဲ့..
သူ့အစ်ကိုတော်..နေခဲ့တဲ့ အိမ်ပါ..ကိုယ်တော်..""နေခဲ့တဲ့ အိမ်ဆိုတော့..သူ့အစ်ကိုကရော..
အခုမနေတော့ဘူးလား...""သူကတော့..ဒီမှာ..ဆက်နေပါသေးတယ်.."
ကိုယ်တော် ထင်မိတာက...
ပန်းပွင့်ကလေး..နေထိုင်ခဲ့ရာ..စံအိမ်တော်လေးဟာ...အေးချမ်းတိတ်ဆိတ် သည့်...
လမ်းကြားလေးတစ်ခုမှာ...
တည်ရှိမည် လို့..ထင်မှတ်ခဲ့တာ....။အခုတော့ဖြင့်..
Sehun ညွှန်ပြနေသည့်..အိမ်ကလေးက...
ပြည်သူ တွေ..သွားလာ လှုပ်ရှားနေကြသည့်...။
ရောင်းဝယ်ဖောက်ကား နေကြသည့်..
ဈေးလမ်းကလေး အတွင်းမှာ..တည်ရှိနေသော...
အိမ်လေးတစ်လုံးသာ..ဖြစ်နေခဲ့သည်...။အိမ်ရဲ့ အရှေ့မျက်နှာစာ မှာ
ကလေးငယ်တွေ အကြိုက်..ကစားစရာ..အရုပ်များကို..
ရောင်းချနေသော...ဆိုင်လေးတစ်ဆိုင်တောင်..
ရှိနေသေးသည်...။သူ့အိမ် ပတ်ဝန်းကျင်ကို..လေ့လာ အကဲခတ်ကြည့်နေရင်းနှင့်..
ကိုယ်တော့်အတွေးထဲမှာ...
ဒီ ဈေးသူဈေးသားတွေ အကြား..
ပန်းရောင်လေးနှင့် အဖြူရောင်..ပုံရိပ်လေးနှစ်ခု
ပျော်ပျော်ရွှင်ရွှင်နဲ့..အများအကျိုးသယ်ပိုးနေကြသည့်...
ဟန်ပန်လေးတွေ...ပေါ်လာခဲ့သည်...။မိဘတွေ မရှိကြတော့ဘူးဆိုတော့...
ညီအစ်ကို နှစ်ယောက်...
အိမ်နီးနားချင်းတွေနဲ့...ချစ်ချစ် ခင်ခင်
နေကြမှာပေါ့....။"လာ..Sehun..အိမ်ထဲ ၀င်ကြည့်ကြရအောင်.."
သူနေထိုင်ခဲ့သည့်..အိမ်လေးမှာ..
သူ့ရဲ့ ပုံရိပ်ကလေးတွေကို...
စူးစမ်းရှာ ဖွေလိုစိတ်တွေက..ပြင်းထန်သထက်..
ပြင်းထန်နေခဲ့တော့...
Sehun ကို နောက်တော်ပါးက လိုက်စေကာ..
ရိုးရိုးအရပ်ဝတ်ကို..ဆင်မြန်း၍ပဲ..
နန်းတော်ထဲက တိတ်တဆိတ် ထွက်လာခဲ့မိသည်....။
