Zawgyi
သိမ်မွေ့သော အိပ်စက်ခြင်းတစ်ခု
အဆုံးသတ်သည်တွင်..မျက်စိ..နှစ်လုံး..
သည်..
ငြိမ်းအေးစွာပင်..ပွင့်ကျလာခဲ့သည်...။မျက်စိနှစ်လုံးဖွင့်ဖွင့်ချင်း...မြင်ရသော...
ခေါင်မိုး..အဆင်အပြင်ဒီဇိုင်းက...
နေ့စဉ်နေ့တိုင်း..မြင်ဖူးနေသည့်...
အဆင်မပြင်..မဟုတ်တော့..
ဦးနှောက်ကို..အပြေးအလွှား...အလုပ်ပေးရ ပြန်သည်....။"အာ..ကိုယ်တော်..Baek Hyun အိမ်ကို..
ရောက်နေတာပဲ.."နံဘေးနားဆီ..ဝေ့၀ဲ ကြည့်မိတော့..
အရင်တစ်ခေါက်..လာခဲ့တုန်းက..
ခဏတစ်ဖြုတ်သာ..၀င်ခဲ့သည့်..
အဖြူရောင်..အဆင်အပြင်တို့သာ..
လွှမ်းခြုံထားသော..အခန်းငယ်လေးက
အမြင်ထဲ...သိမ်သိမ်မွေ့မွေ့ပင်..
ဝင်ရောက်လာသည်...။ကျွန်တော့်အခန်းမှာ...တည်းခိုတော်မူပါ
ခမည်းတော်ဘုရား..ဟုဆိုလာခဲ့သည့်..
စကားလေးတစ်ခွန်းနောက်တွင်...
အနည်းငယ်သော..ပျော်ရွှင်ခြင်းတွေ..
ကပ်ညိပါလျက်..
ကိုယ်တော်..သူ့ကမ်းလှမ်းစကားကို..
လက်ခံတော်မူခဲ့သည်..။အနည်းဆုံးတော့...အိမ်မက်တစ်ခုကို..
ပုံဖော်ခွင့်ရ သည်..မဟုတ်ပါလား...။နန်းတော်ထဲ..မ၀င်ခင်...
နေ့နေ့ည ည..သူအသုံးပြုခဲ့သည့်...
သူ့ပုံရိပ်လေးတွေ...ခိုတွယ်နေသေးသည့်..
အဖြူရောင်..အခန်းငယ်လေးထဲမှာ...
အချိန်ခဏကလေးပဲ ဖြစ်စေ..
အိပ်စက်ခြင်းတစ်ခုကတောင်..
ငြင်သာ နေခဲ့သည်...။စိတ်ချမ်းမြေ့လိုက်တာ....။
"အယ်..ဒီနားက..ကြည့်ရင်..နှင်းဆီ ခင်းကြီးက
ရှေ့တည့်တည့်မှာပါလား...
ဒီကောင်လေး..နေရာအရွေးတော်သားပဲ.."သူကလေးရဲ့..အခန်းငယ်ထဲ..
ဟိုဟိုဒီဒီ..လှည့်ပတ်ကြည့်ရှုပြီးနောက်မှာ..
အပြင်လောက ကြီးနဲ့..ဆက်သွယ်ပေးသည့်..
ပြတင်းပေါက်ငယ်မှာ..ခြေလှမ်းတွေ..
ရပ်တန့်မိလိုက်တော့...
အမြင်အာရုံထဲ..တန်းတန်းမတ်မတ်..
ဝင်လာခဲ့သည်က...
အဖြူရောင်..နှင်းဆီ ပန်းပွင့်ကြီးများ...။မခူးမဆွတ်ပဲ..ထားလို့..ထင်ရဲ့..။
အဖူးအငုံလေးတွေ အနည်းငယ်သာ..ရှိနေပြီး..
အပင်ထက်မှာပင်...
ငွားငွားစွင့်စွင့်...ပွင့်လန်းနေကြသည်...။
နှင်းဆီ..တစ်ခင်းလုံးနီးပါး...
အဖြူရောင် အပွင့်ဖားဖားကြီးတွေ...
နှင့်..ပြည့်နှက်နေကြသည်မှာ..
သိပ်ကို..လှပ ပါသည်...။