Zawgyi
"ခမည်းတော်က..သူ့ကို..တစ်ကယ်
ချစ်တာလား.."မျက်ရည်စက်လက်ကြားက..
အက်ကွဲနေသည့်..နှလုံးသားတစ်စုံကို..
အရင်းပြု၍...မေးနေသော..
မေးခွန်းတစ်ခုအတွက်...
ကိုယ်တော့်မှာ..အဖြေရှိမနေ...။မချစ်ပါဘူး လို့ ..ပြီးပြီးရော..ငြင်းချက်ထုတ်
ဖို့ဆိုတာကလဲ..
သူနဲ့ ကိုယ်ရဲ့..ဆက်ဆံရေးက..
ပေါပေါပဲပဲ ဖြစ်လာခဲ့တာ မဟုတ်..။
မျက်ရည်စက်ပေါင်းများစွာ..
နာကြည်းမှုပေါင်းများစွာ..
အမုန်းတရားပေါင်းများစွာ..ကြားထဲမှ..
ခက်ခက်ခဲခဲ...တည်ဆောက်ယူထားရသည့်
အချစ်ဖြစ်တာကြောင့်..
နောက်ဆုံးအချိန်ထိ..
ဆုပ်ကိုင်ထားချင်မိသည်..။သို့အတွက်ကြောင့်..ဘေးလူတစ်ယောက်ရဲ့..
နှလုံးသား..ကြေကွဲခန်းကို လည်း..
ဂရုမစိုက်ချင်တော့..။
အဆုံးထိ..အနစ်နာခံပေးဖို့ပဲ..ရူးရူးမိုက်မိုက်
တောင်းဆိုချင်မိသည်..။သူမေးတာကို..ပြန်မဖြေပဲ..
ဆိတ်ဆိတ်နေနေတဲ့..အခါ..
ရှေ့တော်မှောက်က..သမီးတော်လေးက..
ကိုယ်တော့်ကို..တည့်တည့်ကြီးကြည့်ပြီး..
မချိပြုံးပြုံးလာသည်..။တောင်းပန်ပါတယ်..သမီးလေးရယ်...။
စိတ်ပျက်စရာ ကောင်းလွန်းတဲ့..ဆက်ဆံရေးတစ်ခုကို..
သိစေမိတဲ့အတွက်..။
ပါးစပ်ဆယ်ပေါက်ပါခဲ့ရင်တောင်...ရှင်းပြစရာ..
စကားမရှိတော့ပါဘူး..။"ဟုတ်ပါပြီ...ခမည်းတော်တို့ရဲ့..
ဆက်ဆံရေးကို..ရှင်းရှင်းလင်းလင်းသိလိုက်ပါပြီ..
အဟား.."မျက်ရည်စက်တွေကြားထဲကနေ..မဲ့ပြုံးတစ်ခုကို
လှလှပပကြီးပြုံးကာ..
ရင်ထဲက..မကျေနပ်ချက်တွေကို..ထုတ်ဖော်
ပြနေသော...သမီးအတွက်..
ကိုယ်တော်ရော..
Byun ရော..နှစ်ယောက်စလုံး..
တုံ့ပြန်စကား..မဆိုမိ..။ပြောစရာစကားတွေ..
ရင်ဘတ်နဲ့ မဆန့်အောင်..ပြည့်ကျပ်နေပေမယ့်လဲ..
လက်တွေ့မှာတော့...တစ်ခွန်းမှ...ပြောမထွက်
ခဲ့..။တောင်းပန်ပါတယ်လို့..ပြောဖို့ကိုတောင်..
အားနာလွန်းလို့..နှုတ်ဆိတ်နေရသည့်..
အဖြစ်မျိုး..။
လှည့်မကြည့်ပေမယ့်လဲ..နောက်တော်ပါးက..
Byun လည်း..ကိုယ်တော့်လိုပင်..
ဖြစ်နေမှာပင်..။
ကိုယ့်လုပ်ရပ်ကြောင့်..တစ်ပါးသူနာကျင်နေရ
ပေမယ့်..
နောက်လဲ..မဆုတ်နိုင်..
နှစ်သိမ့်ပေးဖို့ကလဲ..မတတ်သာသည့်..အဖြစ်
မျိုး...။
YOU ARE READING
Hana (はな) Chanbaek Season-1 [ Completed]
FanfictionSometimes, love is really fantastic