Hana 23..

3.6K 561 122
                                    

Zawgyi

"ကျွန်တော်..ပန်းလက်ဖက်ရည် ကြမ်း..
လာပို့တာပါ..."

တံခါးရွက်အနောက်က..တုန်လှုပ် 
အံ့သြနေသည့်..မျက်ဝန်းကျဉ်းကျဉ်းတွေ...။

လာရင်းကိစ္စကို...တုန်တုန်ယင်ယင်နဲ့..
လျှောက်တင်လာပြီး..သည့်နောက် 

အဆောင်တော် ပြင်ပဆီသို့..လေ လိုအဟုန်နှင့်
ပြန်လည်ပြေးထွက်သွားလေသည်..။

ဟင့်အင်း.ဒီလိုတော့ ခွင့်မပြုနိုင်ပါ..။

သူ..ဘာတွေ ကြားသွားခဲ့လဲ..
သူ့..ရင်ထဲမှာ..ဘာတွေ ဖြစ်သွားလဲ ဆိုတာ
သိရမှ ကို..ဖြစ်မည်..။

ထို့ကြောင့်..အခန်းပေါက်ဝက..ပန်းကန်ကွဲစ
တွေကို..ကျော်နင်းဖြတ်ကာ..
သူပြေးထွက်သွားသည့်..နောက်ကို..
အပြေးလိုက်လာခဲ့မိသည်..။

ဒီ အချိန်မှာ..အခန်းထဲတွင်..ကျန်နေရစ်ခဲ့သော
မိဖုရားကိုလဲ...အာရုံမစိုက်နိုင်..

အမြဲတစ်စေ..ရာဇအိနြေ္ဒကြီးစွာနဲ့..နေထိုင်တတ်သည့်..သူတို့ဘုရင်က..
အခုတော့..ရာဇအိနြေ္ဒကိုမှ မထောက်..
သားမက်တော်လေး..နောက်ကို..
အပြေးလိုက်သွားတာကို..မြင်ရလို့..
တိုးတိုး..တိုးတိုးနဲ့..သဖန်းပိုး..
လုပ်နေကြပါသော..
အထိန်းတော်..တစ်စုကိုလဲ  ..ဂရုမစိုက်နိုင်အား။

လေနဲ့အတူ..လွင့်ပါသွားသည်လို့တောင်..ထင်
ရသည့်..အဖြူရောင်ကောင်လေးကို..
လိုက်မှီရန်သာ..စိတ်ဝင်စားပါသည်..။

"Baek Hyun..ရပ်..! အဲ့ဒီမှာ..ရပ်နေစမ်း..!"

ကိုယ်တော့်..အဆောင်တော်ထဲကနေ..
ပြေးထွက်လာပြီး..
ခြေဦးတည့်ရာ..ကို...ပြေးမိပြေးရာ..
ပြေးလာသည်..ထင်ပါရဲ့..။

သူ့အဆောင်တော်..ရှိသည့်..လမ်းဘက်ဆီလဲ
မသွား...။

နန်းတော်..ရဲ့..အနောက်ဘက် ...ရေကန်ကြီး
ရှိရာ ဘက်ကို...လွင့်ခနဲ ပြေးလွှားနေသော..
အဖြူရောင်..ကောင်လေး..။

ဒီ အနေအထားကြီး..အတိုင်း..
သူက ပြေး..ကိုယ်ကလိုက်နဲ့..
ဘယ်လိုမှ...ကြည့်မကောင်းတော့တာမို့..
ရောက်ရာ နေရာမှာပင်..မင်းအမိန့်နဲ့..
ရပ်တန့်စေခိုင်းလိုက်သည်..။

Hana (はな) Chanbaek Season-1 [ Completed]Where stories live. Discover now