Zawgyi
စန္ဒာလမင်း ငယ် တစ်ခုသာ..
အလင်းရောင် ဖြန့်ကျက်နေသော..
ညမှောင်မှောင် ကောင်းကင်ပြင်ကျယ်ကြီးကို..
နောက်ခံထား၍....အရာအားလုံးက..
ပကတိ တိတ်ဆိတ်လို့နေသည်...။ညအချိန် လဲ ဖြစ်တာမို့..။
ထို့အပြင်..ဘုရင်မင်းမြတ် က လွဲလို့..
တစ်ခြားဘယ်သူမှ..အခွင့်မရှိပဲ..
ဝင်ရောက်ခွင့်မရှိဟု..တားမြစ်ထားသည့်
နေရာလဲ ဖြစ်တာမို့..
ဤ ဥယျာဉ်ငယ်အတွင်း..
သက်ရှိလှုပ်ရှားမှုဆို၍..
အစ်ကိုတော် Min Seok ရယ်..
ကိုယ်တော်ရယ်...
SeHun ရယ် သာ ရှိနေသည်...။တစ်ခါတစ်လေ ဥယျာဉ်တော်အတွင်းခိုနားလျက်ရှိသော..
ငှက်ငယ်ကလေးများ..ထပျံ ခြင်းကလွဲ၍
အရာရာ တိတ်ဆိတ်လို့နေသည်...။ဟိုးခပ်ဝေးဝေးမှာ ကျင်းပနေသည့်..
အခမ်းအနားတစ်ခုမှာတော့..
မီးတွေ ထိန်ထိန်ညီးလို့...လူတွေ စည်ကားနေကြမှာပေါ့လေ...။"အဲ့ဒီတော့ကာ....အဲ့ဒီ ကောင်ကလေးက..
ညီတော် ရဲ့ စိတ်ထဲမှာ..နေရာပေးမိတဲ့..
တစ်ဦးတည်းသော..သူပေါ့...ဟုတ်လား..."ကိုယ့်စိတ်ထဲက ခံစားချက်တွေကို..
တစ်ပါးသူတွေ အကုန်..သိရှိအောင်..
လိုက်လံ ပြောဆိုတတ်သည့် လူမဟုတ်သော်လည်း...။
မင်းတစ်ပါးရဲ့အိနြေ္ဒသိက္ခာဘာညာတွေကို
ထည့်တွက်မနေတော့ပဲ..မွန်းကြပ်မိသမျှကို..
ဒီကမ္ဘာပေါ်မှာ..တစ်ဦးတည်းသော
သွေးသားရင်းချာ ဖြစ်သည့်..
အစ်ကိုတော့်ကို ..သည်နေ့မှာတော့..
ခံစားနေမိသမျှကို...ရင်ဖွင့်ချမိသည်...။ကြားကြားချင်း..ဘယ်လိုမှ ယုံကြည်ဟန်ရှိပုံမရသည့်..အစ်ကိုတော်က
ထပ်ခါတလဲလဲ..ပြန်လည် မေးမြန်းနေသောအခါ..
ကိုယ်တော့်စိတ်တွေ ရှုပ်ထွေးရပြန်သည်...။မွန်းကြပ်ရှုပ်ထွေးလာသော စိတ်တွေကို..
ဖွင့်ဟ ချသည့်အနေနဲ့..
နံဘေးမှာ..ပတ်ပတ်လည်ဝိုင်းရံနေကြသည့်..
နှင်းဆီ ဖြူဖြူ တွေကို..
စိတ်ရှိတိုင်း ခြေမွပစ်လိုက်ရရင်တော့...
ဥယျာဉ်တော်တစ်ခုလုံး..ပျက်စီးပေရော့မည်...။သို့ပေမယ့်..ဒီနှင်းဆီဖြူလေးတွေဟာ..
သူ့ကို တစ်ခါလွမ်းဆွတ်တိုင်း...
တစ်ခါ စိုက်ပျိုးထားသည့်..
ကိုယ်တော်အမြတ်နိုးဆုံး..ပန်းပွင့်ငယ်လေးတွေ
မဟုတ်ပါလား....။
YOU ARE READING
Hana (はな) Chanbaek Season-1 [ Completed]
FanfictionSometimes, love is really fantastic