Hana 10...

3.6K 484 35
                                    

Zawgyi

ဒီကနေ့အတွက်...စိတ်ရှုပ်ထွေးစရာ တိုင်းရေးပြည်ရေးကိစ္စများ ..စီရင်ဆုံးဖြတ်လို့
အပြီးသတ်ပြီမို့...နောက်ကျိနေသော..
စိတ်များ ..အတန်ငယ်တော့ ပြေလျော့သွားသည်....။

ဒါတောင်...အခုနက..
ရွာငယ်လေးတစ်ရွာကို ..ရေပေးဝေဖို့ အရေး..ဆွေးနွေးဆိုင်ပင်ကြခဲ့ပြီးနောက်..
အခုထက်ထိ..ဘ၀င်မကျ ဖြစ်နေကြသည့်..
တစ်ချို့တစ်ချို့သော..အမတ်မင်းများ...
ကိုယ့်အုပ်စုနဲ့ ကိုယ်..တီးတိုးတီးတိုး...
ပြောဆိုနေကြသည်ကို..မြင်နေရသေးတော့...
စိတ်က...သိပ်မကြည်ချင်သေး....။

ဒါ့အပြင်..ပြောစရာ ကိစ္စလေးတစ်ခုကို..
သတိရမိသွားခဲ့တော့...မကြည်သည့် စိတ်တွေမှာ..ဒေါသတွေပါ ..ပေါင်းစပ်သွားခဲ့ပြန်သည်....။

"ညီလာခံ ..မသိမ်းခင်..
ကိုယ်တော်တစ်ခု
လောက်ပြောစရာ..ကျန်သေးလို့..."

စားပွဲ ခုံကို ထုကာ..အာရုံစုစည်းရန်မလိုပဲ....
မတိုးမကျယ် ပြောလိုက်သော ..ကိုယ်တော့်စကားသံတွင်ပင်
ပြောလက်စများကို ရပ်တန့်ကာ...
ခန်းမအတွင်းက အမတ်များအားလုံး၏ အာရုံက..
ကိုယ်တော့်ဆီတွင် စုပြုံကျရောက်လာခဲ့သည်...။

အသင့်အနေအထား ပြန်လည် ပြင်ဆင်လိုက်ကြကာ...လက်နှစ်ဖက်ကို..
ရှေ့မှာ...ယှက်သွယ်ကာဖြင့်ပဲ...
ကိုယ်တော့်နှုတ်တော်က...ထွက်ကျလာမည့်...
စကားလုံးများကို...နာခံရန်...စောင့်ဆိုင်းနေ
ကြသည်....။

တစ်ခုခုဆို..အရမ်းကြီး..ပြောနေစရာမလိုပဲ....
ဒီလိုမျိုး...ကိုယ့်အရှင်သခင်ကို..
ရိုကျိုးတတ်အောင်..သေချာပုံသွင်းပေးထား
သည့်ကြားထဲကနေ..တော်ဝင်မိသားစုဝင်ကို
လုပ်ကြံရဲတာ...ဘယ်လို သတ္တိမျိုး ပိုင်ဆိုင်ထားသည့်..လူ များလဲ.....။

ကိုယ်တော်..အမှန်တကယ်ကို..သိချင်မိပါသည်လေ...။

"ဟိုးတစ်နေ့က..သားမက်တော်..
Byun Baekhyun လုပ်ကြံခံရတာ..
အားလုံးလဲ သိပြီးသား..ဖြစ်မှာပါ...
ကိုယ်တော်ပြောချင်တာက...
အဲ့ဒီကောင်လေးက....မောင်မင်းတို့လဲ
သိပါတယ်....သူ့ခမျာ..ရိုးရိုးသားသား...
တောသူတောင်သားလေးတစ်ယောက်ပါ...
သမီးတော်နဲ့ ချစ်ကြိုက်မိလို့သာ..ဒီနန်းတွင်း
ဆိုတဲ့ နေရာ ကြီးထဲ ရောက်လာရတာ..
အဲ့တာကို..အဲ့ဒီလို...လူမျိုးကို...
ဘာကြောင့်များ...သေစေ ချင်ရ သလဲ...
ကိုယ်တော်..အရမ်း..အမျက်တော်ရှမိတယ်..."

Hana (はな) Chanbaek Season-1 [ Completed]Wo Geschichten leben. Entdecke jetzt