Zawgyi
မြတ်နိုးမိသော..ပန်းပွင့်လေးတစ်ပွင့်..
ပင်ယံထက်က..အသာ..ဆွတ်ခြူ၍..
ရင်ခွင်ထဲ ထည့်သွင်း..
ချစ်ခြင်း..ထုံသင်းရနံ့တို့နှင့်...
မွေ့ပျော်စေတော့..
လေအဝှေ့မှာ...
ရှက်သွေး..ဖြာဆင်းရှာလေတယ်...
ချစ်သော..ပန်းပွင့်ငယ်...:::::::::: はな ::::::::::
" မင်းဆံပင်လေးတွေက..ကိုယ်တော်..
ထင်ထားတာထက်တောင်..နူးညံ့နေတယ်.."ပုံမှန် မြင်နေကျ..အဖြူရောင်..၀တ်စုံတို့ထက်
တောင်..ပိုပြီးအရောင်..
ဖျော့တော့သော..
ည၀တ်..၀တ်ရုံဖြူဖြူ တို့ကို..ဆင်မြန်းထား
သော..ပန်းပွင့်ငယ်လေးကို..
ရင်ခွင်နန်းတော်ထဲ..ခုံလှုံစေကာ..
ဲဖြန့်ကျက်ထားသည့်..ဆံနွယ်..ရှည်ရှည်..
များအကြား...
ချစ်မြတ်နိုးစွာနဲ့..နမ်းရှိုက်မိတော့..
ပန်းပွင့်ငယ်ကလေးက..
ကိုယ်တော့်ရင်ခွင်ထဲ..ပို၍..တိုးဝင်လာကာ..
ခါးကို..ခပ်တင်းတင်းဖက်တွယ်လာသည်...။အချိုးအဆစ်ကျကျ..နဲ့...
ကကြိုးဆင်ခဲ့သည့်..အခါတိုင်းမှာ..
လေနဲ့အတူ...လွင့်မျောနေခဲ့သည့်..
သည်..ဆံနွယ်...တွေကို...တစ်ကြိမ်တစ်ခါ
လောက်ဖြစ်ဖြစ်..မြတ်နိုးစွာ..
နမ်းရှိုက်ကြည့်ချင်မိသည့်..ကိုယ်တော့်ရဲ့..
ဆန္ဒတစ်ခုကို..သည်ကနေ့မှသာ..
အကောင်အထည်ဖော်ခွင့်..ရရှိခဲ့သည်..။အမျိုးအမည်..သေချာ..မသိပေမယ့်..
လှပပြီး..အရောင်အသွေးစုံလင်လောက်မည့်..
ပန်းပွင့်ကလေးတွေရဲ့...သင်းရနံ့များ..
ထုံသင်းနေသော..ဆံနွယ်အိအိကလေးတွေ..။ကြည့်ရတာ...ဒီည..ကိုယ်တော့်အဆောင်ကို..
အခစားဝင်လှည့်လို့အခေါ်တော်ပါးခဲ့တာ
ကြောင့်..အသေအချာ..ပြင်ဆင်ခဲ့ပုံပင်...။သူ့ဆံပင်တွေကို..ကိုယ်တော်..နမ်းရှိုက်နေ
တော့..သူ့ခမျာ..ဘာလုပ်ရမှန်း..မသိ..
ဖြစ်နေသည်..ထင်ပါရဲ့...။
ဘေးချင်းယှဉ်..လှဲနေကြသည့်..အနေအထား
နဲ့ပင်..သူ့ခြေထောက်ကလေးတစ်ဖက်နဲ့..
ကိုယ်တော့်..ခြေချောင်းတွေကို..
မထိတထိလေး...ထိတွေ့နေသည်...။"အော်..ဟော်...!
သည်လူက..
သူ့ရဲ့..ဘုရင်မင်းမြတ်ဆိုတာကို..မေ့နေပြန်
ရော့သလား..
ဘယ်သူက..ခွင့်ပြုနေလို့..ရာရာစစ..
ဘုရင့်ရဲ့ခြေထောက်ကို..
သူ့စိတ်တိုင်းကျ..ထိတွေ့ပြီး..ကလူ..ကျီစယ်
နေရတာတုန်း.."
YOU ARE READING
Hana (はな) Chanbaek Season-1 [ Completed]
FanfictionSometimes, love is really fantastic