Hana 5..

4.1K 522 19
                                    

Zawgyi


"မြေးမလေးရဲ့..ကြင်ယာဖက်က..
ရိုးရိုးသာမန် ပြည်သူပြည်သားလေးပဲဆို..."

"ဦးရီးတော်..ဒီအထိတောင် ကြွပြီးတကူးတက
လာမေးတာဆိုတော့..
ကိုယ့်တော့်သမီးတော်လေးရဲ့..
မင်္ဂလာ ကိစ္စကို တော်တော်စိတ်ဝင်စားမှုရှိနေတာပဲ.."

"အော်..ကိုယ့်သွေးသားပဲ ဟာကို..
စိတ်မ၀င်စားပဲ ဘယ်နေပါ့မလဲ..."

မေ့ထားချင်ပေမယ့်လဲ..
တဖြည်းဖြည်းနီးကပ်လာနေသည့်...
မင်္ဂလာရက်ကြောင့်..အခုရက်ပိုင်းတွေမှာ..
ဒီအကြောင်းအရာကိုသာ..
ထပ်တလဲလဲ ..ကြားနေရသည်....။

မကြားချင်ပေမယ့်..ငြင်းဆန်လို့မရသည့်..
ဘ၀မို့...သက်ပြင်းတွေသာ ဖွဖွ ချပြီး..
ဆန်းကြယ်သည့်..လောကဓံ ရဲ့ လှည့်ကွက်တစ်ခုကို..
မင်းတစ်ပါးရဲ့ အိနြေ္ဒသိက္ခာနဲ့ အညီ ..
တုန်လှုပ်ခြင်းတစ်ခုကို ဖယ်ခွာ၍သာ..
နေနေရသည်....။
အခုလဲ...ဦးရီးတော် တစ်ယောက်...
ကိုယ်တော့်ရှေ့မှောက်ထိ အခစားဝင်လာခဲ့သည့်..အကြောင်းက..
ဒီမင်္ဂလာကိစ္စပဲ ဖြစ်နေပြန်သည်...။

ကြာလာတော့လဲ..သက်ပြင်းတစ်ချက်ခပ်ဖွဖွ
ချရင်းနဲ့သာ..နှလုံးသားဆီက ဆို့နင့်ခြင်းတွေကို
မျက်ကွယ်ပြုတတ်ခဲ့ပြီ...။

"အမတ်တစ်ယောက်ယောက်ရဲ့..သားမဟုတ်တာ..တော်သေးတယ်လို့ပြောရမှာပေါ့..."

ပုံမှန်ဆို..တိုင်းရေးပြည်ရေးကိစ္စတွေကလွဲရင်..
တွေ့ဆုံခြင်းမရှိသည့်..ဦးရီးတော်က..
အခုတော့..ကိုယ်တော့်အဆောင် မှာ..
လက်ဘက်ရည်ကြမ်းကို..
အေးဆေးစွာသောက်သုံးပြီး..
ကိုယ်တော့်ရဲ့..ပန်းကလေး....။
အော်..အခုတော့..သမီးတော်ရဲ့..ကြင်ယာ
အလောင်းအလျာလေး..လို့..သုံးနှုန်းရတော့မှာပေါ့....။

Baekhyun ရဲ့ အကြောင်းကို..စိတ်ဝင်တစား
ဆက်လက်ပြောဆိုလာသည့်..အကြောင်းက..
ဘယ်မှာ မြစ်ဖျားခံနေပါလိမ့်....။

"မြေးမကလေးကလဲ..ရိုးရိုးအေးအေး..
သူ့ကြင်ယာတော်ကလဲ..ရိုးရိုးအေးအေးလေးဆိုတော့..တူနှစ်ကိုယ်..
ရိုးသားအေးချမ်းစွာနဲ့..ဘ၀ကို..ဖြတ်သန်းပြီး
သက်ဆုံးတိုင်တူတူ ပေါင်းဖက်ကြ...
ဘယ်လောက်တောင် အေးချမ်းလိုက်မလဲ.."

Hana (はな) Chanbaek Season-1 [ Completed]Onde histórias criam vida. Descubra agora