Hana 18...

2.9K 449 51
                                    

Zawgyi

"Sehun...ပြီးရင် ငါနဲ့...ခဏ လိုက်ခဲ့ကွာ..
Baekhyun ဆီ ..သွားရအောင်...
အော်...စားဖိုဆောင်က အထိန်းတော် လီဆီ
သွားပြောလိုက်ပါဦး..
ငါသောက်နေကျ..အားဆေး ..တစ်ခွက်လောက်
ကျိုပေးပါလို့.."

"ဟုတ်ကဲ့..ကိုယ်တော်..."

တစ်နေ့တာ ရဲ့...ဖြတ်သန်းမှု..အတိုင်းအတာမှာ
မပါ..မဖြစ်တဲ့..ပုံရိပ်ကလေး..ရှိရာဆီ...
သွားရောက်ချင်သည့်..စိတ်က..
ညပိုင်း..အချိန်အခါ..သို့..
ရောက်လာသည်နှင့်အမျှ..ထိန်းမနိုင်
သိမ်းမရတော့..။

ထို့ကြောင့်...အဆောင်တော်..
ပြန်ရောက်ရောက်ချင်းမှာ..ပင်..၀တ်ရုံတော်..လဲလှယ်ကာ..
သူရှိရာ..နေရာဆီ..သွားရောက်ရန်..
ခြေလှမ်းပြင်မိသည်...။

အင်း...ဒီနေ့တစ်နေကုန်..ကိုယ်တော့် နောက်တော်ပါးမှာ..တစ်ဖ၀ါးမခွာပဲ..
ခစားနေခဲ့သည့်..Sehun ကိုလည်း...
ခဏလောက်တော့..အပူထပ်ကပ်ရဦးမည်ပေါ့..။

ဘုရင့်ဂရုဏာတော်ကို...ခံယူဖို့ထိုက်တန်သူ
လေးအတွက်...တော်ဝင်ဆေးတစ်ခွက်
ရရှိရန်..Sehun ကိုသာ..အခိုင်းတော်ပါးလိုက်မိ
ပြန်သည်...။

"ဟင်း....ပင်ပန်းလိုက်တာ..."

Sehun..ပြန်အလာကို...စောင့်ဆိုင်းရင်းနဲ့..
နွမ်းနယ်နေသော..ခန္ဓာကိုယ်
ကို...ခဏလောက်..
ကျောချမိတော့...မျက်ဝန်းတွေကပါ...
မှေးစင်းချင်..လာသည်..။

ဟင့်အင်း..အခု..အိပ်လို့..မဖြစ်သေးဘူး...။

နောက်နှစ်ရက်ကျရင်..ကျရောက်မည့်..
ကွယ်လွန်သွားခဲ့သည့်..ခမည်းတော်..
မင်းတရားကြီး၏..နှစ်ပတ်လည်..နေ့အတွက်..
အခမ်းအနား..ကျင်းပရန်...
ဒီနေ့တစ်နေ့လုံး...မိုးလင်း..
မိုးချုပ်...အလုပ်ရှုပ်နေခဲ့တာကြောင့်...
ဒီနေ့အဖို့..သူ့ဆီ...မသွားရသေး...လေ..။

တစ်နေ့နေလို့..သူ့ကို..တစ်ခါမမြင်ရ ရင်..မနေနိုင်သည့်
နှလုံးသားရဲ့..အလိုကို...
ကိုယ်တော့်မှာ..ငြင်းဆန်နိုင်စွမ်းရှိသတဲ့လား..။

နှလုံးသားရဲ့...တောင့်တမှုကို...လိုက်လျောပြီး..
မျက်ခွံတွေ..မှေးစင်းကျချင်နေသည်ကို..
အံတုထားမိသည်..။

မမျှော်လင့်သင့် ဘူးဆိုတာသိပေမယ့်...အမှန်တရားတစ်ခု..
ဖြစ်နေလောက်မည့်..
အကြောင်းခြင်းရာကို..ပြောပါဆိုရင်..
သူသည်လည်း...ဒီနေ့အဖို့...
ကိုယ်တော့်ကို..စောင့်မျှော်နေလောက်သည်
မလား...။

Hana (はな) Chanbaek Season-1 [ Completed]Tempat cerita menjadi hidup. Temukan sekarang