Zawgyi
" ခမည်းတော် ကလေ..နေနိုင်လိုက်တာနော်..
သမီးဆီလဲ..လာမတွေ့..
တစ်ယောက်တည်း...အဲ့ဒီအဆောင်တော်မှာ
နေရတာ..အထီးမကျန်ဘူးလား.."ကတိအတိုင်း မိဖုရားကို..ခေါ်ယူ၍..
သူနဲု့..သမီးတော် တို့..ခိုလှုံရာ..
အဆောင်တော်..ဆီ ကြွမြန်းလာခဲ့တော့...ဖခင်ကို..လွမ်းဆွတ်နေရှာသည့်..သမီးတော်
ကလေးက...ကိုယ်တော့်ဆီ..
အပြေးလာရောက်၍...ခရီးဦးကြို..ပြုသည်..။ထို့အတူ...မျက်ဝန်းကျဉ်းကျဉ်းတစ်စုံ
တွင်လည်း..၀မ်းသာမှု..
ပျော်ရွှင်မှုတွေ...ဖြတ်ပြေးသွားတာ..
မြင်လိုက်ရသည်...။"ခမည်းတော်...ခုတလော..ခေါင်းတွေ..
နောက်နေလို့ပါ..သမီးရယ်..
ဒါနဲ့..ဗိုက်ထဲက..ကလေးလေး..
နေကောင်းတယ်မလား..""ကောင်းတာထက်ကို..ပိုနေပါတယ်..
မောင်တော်ဘုရားရေ...
ဒီက ညီမတော်ရဲ့...အပြုစုကောင်းမှု
ကြောင့်..သမီးရော..မြေးပါ..
ကျန်းကျန်းမာမာ..ရှိကြပါတယ်..."သူ့ဗိုက်ကလေး..သူပွတ်ကာ...
ပြုံးပြုံးလေး..လုပ်နေသော..သမီးတော်ရယ်..။သမီးတော်ကို...ချစ်ခင်တဲ့..မျက်ဝန်းတွေနဲ့..
ငေးမောကြည့်ရှုနေကြသော..
အဖြူရောင်..ပုံရိပ်ကလေးရယ်..
မိဖုရားရယ်...အားလုံး...က..သူ့ထောင့်နဲ့သူ..အချိုးကျကျ
လေး..လည်ပတ်နေကြပေမယ့်..
အပူရုပ်ကို..ဟန်လုပ်ပြီးနေနေရသူ..
ကိုယ်တော့်အဖို့က..ဒီနေရာကနေ..
အမြန်ဆုံး..ပြေးထွက်သွားချင်နေမိသည်...။သို့ပေမယ့်လို့..ဖခင်တစ်ယောက်အနေနဲ့တော့
တာဝန်ကျေပွန်ရဦးမည်မလား...။"Baekhyun က..သေချာရော..ဂရုစိုက်ရဲ့လား"
ရင်ထဲက...ပါလို့..မေးမိတာလား..
ဒါမှ..မဟူတ်..၀တ္တရားအရမို့..မေးမိတာလား
ကိုယ်တိုင်တောင်..သေချာရေရာစွာ..
မသိပေမယ့်..
နှလုံးအိမ်ကတော့...စူးရှနာကျင်ရပြန်ပြီ...။"ဟုတ်ကဲ့..ဂရုစိုက်ပါတယ်..
ဒါနဲ့လေ..သမီးတော်ကို..အမျက်တော်မရှ
ဘူးဆိုရင်လေ...လျှောက်တင်ပါရစေ...
ခမည်းတော်...ယာယီအဆောင်တော်ကနေ..
ပြန်လည်ပြီး...နေနေကျ..အဆောင်တော်ကို..
ကြွမြန်းခဲ့ပါတော့လား..
စိတ်တွေ..ရှုပ်လို့..အနားယူနေမှန်း..သိပေမယ့်လို့..
သမီးတော်..ခမည်းတော်ကို..လွမ်းလှပါပြီ..."
YOU ARE READING
Hana (はな) Chanbaek Season-1 [ Completed]
FanfictionSometimes, love is really fantastic