Zawgyi
"ပုံရိပ်ငယ်ဖြူ
လေယူရာ..
ပန်းလိပ်ပြာရိပ်လို..
မြူးထူးပျော်စုံ...""ထို လိပ်ပြာငယ်ဘေး..
ကြောင်ငယ် အစာကျွေး..
မင်းပုံရိပ်သည်လည်း
ရူမ၀ပါတကား...""အင်...? ကြောင်ငယ် အစာကျွေးက ဘယ်သူတုန်း..Oh SeHun ရဲ့..."
နေ့စဉ်ပြုလုပ်နေကျ..အလုပ်တစ်ခုဖြစ်သည့်..
ပန်းကလေးအတွက်
တေးတစ်ပုဒ် သီကုံးနေဆဲမှာ..
ကိုယ်တော့်နောက်ကနေ ..
တေးစ လိုက်သီနေပါသော..
ကိုယ်ရံတော် တပ်မှူး၂...။"ကိုယ်တော်က..ကိုယ် မြင်ချင်တာပဲ မြင်ခဲ့တာကိုး..."
"အယ်..အဲ့တုန်းက ကိုယ့်တော်ပန်းကလေးအပြင် တစ်ခြားလူပါ ရှိနေတာလား.."
"ရှိခဲ့တာပေါ့..ကိုယ်တော်ရယ်..
ကိုယ်တော်က အဖြူရောင်ပုံရိပ်ကို စွဲလန်းခဲ့သလို..ဒီကောင် Sehun လဲ
ပန်းရောင်ပုံရိပ်လေးကို စွဲလန်းခဲ့တယ်လေ..""ဟောဗျာ..အဲ့တာဆို..အဲ့ဒီနေ့တုန်းက..
ကိုယ်တော်တစ်ယောက်တည်း အချစ်မှိုင်းမိခဲ့တာ မဟုတ်ဘူးပေါ့လေ..ဟုတ်လား..Sehun.."ကိုယ်တော့်အမေးကို Oh Sehun ဆိုသည့် အနှီလူသားက ဘာမှ ပြန်မဖြေ..။
ပြုံးတုံ့တုံ့သာ လုပ်နေလေသည်..။
ကြည့်ရတာ..သူ့ရဲ့ ပန်းရောင်ပုံရိပ်လေးဆိုတာကို..မှတ်ဥာဏ်ထဲမှာ
ပြန်လည် ပုံဖော်နေခြင်း ဖြစ်မှာပေါ့....။ဘေးနားက မနေနိုင်သူ Jong Dae တစ်ယောက်ကတော့..
Sehun ရင်ထဲက တိတ်တခိုးအချစ်တစ်ခုအကြောင်းကို ..
ကိုယ်တော့်ကို မျှဝေပေးလာခဲ့သည်...။သူတို့နှစ်ယောက်ပြောနေကြသည့် ပန်းရောင်ပုံရိပ်လေးဆိုတာကို..
အဲ့ဒီနေ့တုန်းက..ကိုယ်တော်.. မမြင်ခဲ့ရိုးအမှန်ပါ...။အဲ့ဒီ ပန်းရောင်ပုံရိပ်လေးဆိုတာက သူ့ထောင့်မှာ သူ့ ဟာသူ လှုပ်ရှားနေလောက်မှာ ပေမယ့်..
အဲ့ဒီနေ့တုန်းက အဖြူရောင် ပုံရိပ်လေးရဲ့ ဆွဲဆောင်မှု စက်ဝန်းထဲက ဘယ်လိုမှ ရုန်းမထွက်နိုင်ခဲ့သူပီပီ..
တစ်ခြားသော ဖြစ်တည်မှု ..တည်ရှိမှုတွေ ကို
ဘယ်လိုမှ သတိမထားနိုင် ဖြစ်ခဲ့တာ ပဲ ဖြစ်မည်...။ဒီလိုဆိုတော့လဲ..ကိုယ်တော်တို့တစ်တွေ ကိုယ်စီကိုယ်စီ စွဲလန်းတမ်းတ စရာလေးတွေ ရခဲ့တာပေါ့..။
ဘာပဲဖြစ်ဖြစ် အဖော်ရတယ် ပြောရမှာပဲ....။