Hana [ Final ]

6.8K 578 98
                                    

Zawgyi

မိုးတစ်ဖြောက် နှစ်ဖြောက်ရွာသွန်းနေသော
ညည့်ဦးယံ အချိန်သည်..
လူသံသူသံတိတ်ဆိတ် နေသည်..။

သန်းခေါင်ယံ အချိန်ဆီ တစ်ဖြည်းဖြည်း နီးကပ်
လာနေပြီဖြစ်သဖြင့် မြို့လမ်းမထက်..
လူသွာလူလာမရှိတော့ပဲ..
အိပ်စက်အနားယူနေကြပြီဖြစ်သည်..။
ကျွန်တော်သည်လည်း လွန်ခဲ့သည့်..
မိနစ်ပိုင်းအချို့လောက်အထိ...အိပ်မောကျ
နေခဲ့သည်..။

သို့ပေမယ့် အခန်းတံခါးခေါက်သံ သဲ့သဲ့ နဲ့အတူ
အသံသြရှရှတစ်ခု၏ Byun ဆိုသော
ခေါ်သံ တစ်ခု အဆုံးတွင်တော့
အိပ်မောကျနေသည့် မျက်လုံးအစုံတို့က
ဖျတ်ခနဲ ပွင့်လာခဲ့သည်နဲ့အတူ..
နှလုံးသားတစ်စုံသည်လည်း ထိတ်ခနဲ..
အရာရာ..အကုန် သတိအနေအထား တစ်ခုလို
ဖြစ်သွားခဲ့သည်..။

အခန်းတံခါးကို..ခပ်မြန်မြန်ပဲ တွန်းဖွင့်လိုက်တော့..
မီးအိမ်တစ်ခုကို လက်က ကိုင်ဆောင်ထားသော
Lu Han hyung ရယ်..
ပြီးတော့ ကျွန်တော့်အိမ်မက်တွေရဲ့အရှင်သခင်
ရယ် ကိုပါ...တစ်ဆက်တည်း..တွေ့ရှိလိုက်
ရသည်...။

စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် မတတ်နိုင်
တော့သည့်..လွမ်းဆွတ်ခြင်း တို့နဲ့အတူ..
အခန်းရှေ့မှာ..ရပ်နေသည့်..
သူ့ ဆီ အပြေးသွားပြီး..
ရင်ခွင်ကျယ်ကျယ်ကြီးထဲ..ခေါင်းတိုးဝင်မိလိုက်
သည့်အချိန်..
ရင်းနှီးနေကျ..ကိုယ်နံ့တစ်ခုက..
နှာခေါင်းဖျားထဲ တိုးဝင်လာခဲ့သည်..။

ထို့အတူ..ကျွန်တော့်မျက်ရည်စက်တစ်ချို့လဲ..
ပါးပြင်ပေါ် ခဆင်းလာခဲ့သည်...။

ဘယ်လောက်တောင် မှ..လွမ်းနေခဲ့ရတာ
မို့လို့လဲ..။

လွမ်းဆွတ်ကြောင်းတွေ တစ်ဖွဲ့တစ်နွဲ့ ထိုင်ပြော
နေရရင် တစ်ထောင့်တစ်ည ပုံပြင်တွေတောင်
အရှုံးပေးရလောက်တဲ့အထိ..
ကျွန်တော့်အလွမ်းတွေက..ဂန္တ၀င် တွင်လုနီးနီး
တောင်..ဖြစ်နေခဲ့ပြီ..။

ကျွန်တော့်ဆီ အကြောင်းအမျိုးမျိုးကြောင့်
သူရောက်မလာခဲ့တာ..လ၀က်နီးပါးရှိခဲ့ပြီလေ..။
အရင်က..ဒီလူရဲ့ ရင်ခွင်ကျယ်ကြီးထဲမှာမှ..
ခေါင်းတိုးပြီး မအိပ်ရရင် ..အိပ်မပျော်ပါဘူး
ဆိုတဲ့ ကျွန်တော့်အတွက်..
အလွမ်းတွေ ညနက်ခဲ့ သည်မဟူတ်ပါလား...။

Hana (はな) Chanbaek Season-1 [ Completed]Where stories live. Discover now