Hana 28..

2.9K 419 22
                                    

Zawgyi

ကိုယ်တော်က..အသုဘအခမ်းအနားကို..
အကျဉ်းချုံး၍သာ..ပြုလုပ်ချင်ပေမယ့်လဲ...
အသေအချာစဉ်းစားကြည့်တော့..
တိုင်းပြည်ရဲ့..မိဖုရားနဲ့..
မင်းသမီး..ဆုံးပါးသွားတာကို..
တော်ဝင်အခမ်းအနား..မပြုလုပ်
ပေးရင်...ဘယ်လိုမှ..မသင့်တော်တာမို့...

ရုပ်အလောင်းနှစ်ခုကို..နန်းတော်ကို
တော့..ပြန်မသယ်တော့ပဲ...
ဘုရားကျောင်းမှာပဲ...တော်ဝင်အခမ်းအနား..
ပြုလုပ်ခဲ့သည်....။

နန်းတော်ရင်ပြင်လောက်တော့...မကျယ်
ပေမယ့်...
အရေးပါ..အရာရောက်သည့်..အမတ်မင်း
တွေ..အားလုံးစုံညီအောင်..တော့..
ဝင်ဆံ့သည့်..ဘုရားကျောင်းထဲမှာ...
ဝတ်ရုံဖြူဖြူ..တွေကို...တူညီစွာ..
ဝတ်ဆင်ထားကြပြီး...
ဝမ်းနည်းခြင်း..အထိမ်းအမှတ်..ကျင်းပကြသည်။

လူသားနှစ်ယောက်..လူ့ဘ၀ကို..စွန့်ခွာသွား
ခြင်းအတွက်..၀မ်းနည်းဖွယ်ရာ..အသုဘ..
အခမ်းအနား..ပြုလုပ်နေပါသည်..ဆိုမှ..
မိုးလေး..တစ်ဖြောက်..နှစ်ဖြောက်..
ရွာသွန်းနေတော့...
အပူပေါ်..အပူဆင့်ကာ..
ဝမ်းနည်း..ပူဆွေးဖွယ်...ကောင်းနေသည်...။

ချစ်သော..ပန်းပွင့်ငယ်..၏..ဆန္ဒအတိုင်း..
သမီးတော်လေးကို.တွေ့ရှိခဲ့ရာ..
ရေတံခွန်..အောက်ခြေနားက..
မြေနေရာမှာပဲ..
သားအမိနှစ်ယောက်လုံးကို..အတူတူ..
မြှပ်နှံပေးလိုက်သည်...။

"နှမတော်ရော..သမီးတော်ရော..
ကောင်းရာ..မွန်ရာ..ရောက်ပါစေကွယ်..."

ပတ်ဝန်းကျင်မှာ...လူပေါင်းမြောက်များစွာ..
ရှိနေပေမယ့်...
ဘုရင်မင်းမြတ်...အရိုအသေပေးနေချိန်တွင်..
အားလုံး..ငြိမ်သက်နေကြသည်မှာ..
အပ်ကျသံ တောင်..ကြားရလောက်အောင်..
တိတ်ဆိတ်နေသည်..။

လှုပ်ရှားမှု..ဆို၍...တစ်ဖြောက်နှစ်ဖြောက်
ကျနေသည့်..မိုးစက်တွေရယ်..

နံဘေးမှာ..အရှိန်မှန်မှန်..စီးဆင်းနေသည့်..
စမ်းချောင်းငယ်လေးရယ်...

တောထဲ.ေ.တာင်ထဲမို့လို့..ကျေးငှက်သာရကာ
တွေနဲ့..တောကောင်လေးတွေရဲ့..
အော်သံ..နည်းနည်းကလွဲရင်...

တိတ်ဆိတ်ခြင်းတစ်ခုက..အသုဘအခမ်းအနား
ကို...၀မ်းနည်းဖို့ကောင်းအောင်..
တွန်းပို့နေသလို...။

Hana (はな) Chanbaek Season-1 [ Completed]Where stories live. Discover now