Zawgyiစန္ဒာလမင်းငယ်..တစ်ခုကလွဲရင်..
ညမှောင်မှောင်..ကောင်းကင်ပြင်သည်...
မှိတ်တုတ်မှိတ်တုတ်..ကြယ်လေးတွေ ရော..
တိမ်မြူတွေရော..ကင်းရှင်းနေသည်...။ပတ်ဝန်းကျင်တွင်လည်း..တစ်ခါတစ်ခါ..
အိမ်မြှောင်စုတ်ထိုးသံကလွဲပြီး...
အထူး..တိတ်ဆိတ်နေသည်...။နံဘေးနားတွင်လည်း..ချစ်သော..ပန်းပွင့်
ငယ်ကလေးရယ်..
Se Hun ရယ်...နှစ်ယောက်သာ...ခစားနေကြသည်...။လသာဆောင်မှာ..ထွက်ထိုင်နေကြခြင်း
ဖြစ်ပြီး...
ချစ်သော ပန်းပွင့်ငယ်လေးက..ညစဉ်ညတိုင်း
ပြုလုပ်နေကျ..သူ၏...တာဝန်ဝတ္တရား
အတိုင်း...စံပယ်ပန်း.လက်ဖက်ရည်ကြမ်း..ဆက်နေခြင်း
ဖြစ်သည်..။လက်ဖက်ရည်ကြမ်း..သောက်သုံးနေသည့်..
ကိုယ်တော့်နားမှာ..သူက...ခစားနေသည်..။Se Hun ကတော့..နည်းနည်း..ခပ်လှမ်းလှမ်းမှာ..
ခစားနေသည်...။အရာအရာ..အကုန် အေးအေးချမ်းချမ်း..ရှိနေသည်...။
လွန်ခဲ့သည့် ရက်ပိုင်းတွေနဲ့ မတူသည့်..
တစ်ခုတည်းသော..အရာကတော့..
မြို့ထဲက အိမ်ငယ်လေးမှာ..မဟုတ်တော့ပဲ...
နန်းတော်ထဲ ပြန်ရောက်နေခြင်းသာ...။ဘယ်တော့မှ ခြေမချဘူးလို့ လုပ်ထားပေမယ့်လဲ
တိုင်းပြည်အရေး ..လာရောက်အကူအညီ
တောင်းခံလာကြတော့ ...မနေနိုင်
ဘူးလေ...။ပြောရမယ်ဆိုရင်..နန်းပြန်တက်နေတယ်ပေါ့...။
ပြန်လာရပေမယ့်စိတ်ထဲမှာ..သိပ်ပြီးတော့..
အဆင်မပြေလှ..။အကြောင်းအရာတစ်ခုကိုသာ..ထပ်တလဲလဲ..
တွေးတောပူပန်နေမိသည်..။ထို့ကြောင့်..ပူပန်နေသမျှကို..ချစ်သူအား..
ရင်ဖွင့်တိုင်ပင်ရန်သာ..
ပြင်ဆင်လိုက်တော့သည်။"ကိုယ်တော်..ဆုံးဖြတ်လိုက်တာ မှန်ရဲ့လား..
ဒီကို ပြန်လာဖို့..သင့်ရဲ့လား..Byun ရယ်..
မင်းကိုလဲ..မမေးမမြန်းပဲ...
ကိုယ့်ဆန္ဒကိုပဲ..ရှေ့တန်းတင်ပြီး..ဆုံးဖြတ်မိ
လိုက်တယ်.."အမတ်မင်းတွေ...မြို့ထဲက အိမ်လေးကို..
လိုက်လာခဲ့ကြပြီးနောက်ပိုင်းမှာတင်..
သူတို့ကမ်းလှမ်းလာခဲ့သည်ကို..ချက်ချင်း..
အဖြေပေးဖြစ်ခဲ့သည်..။
YOU ARE READING
Hana (はな) Chanbaek Season-1 [ Completed]
FanfictionSometimes, love is really fantastic