ရင်ခုန်သံဆိုတာ ဒီလောက်ကျယ်လောင်သည်တဲ့လား။
ရှိုင်းထွဋ် မသိထား။
ပူလောင်ရုန်းကြွလာသော သွေးတိုးသံသည် သူ့အတွက် မွန်းကြပ်ဖို့ကောင်းသလို စွဲမက်ဖို့ကောင်းနေသည်။
သူ့လက်ဖျားတွေ အေးစက်လာနေသည်။
ဒီမိုးယံ နှုတ်ခမ်းများနှင့် ထိတွေ့နေသော လက်ဖ၀ါးကို ခပ်ဖြည်းဖြည်းဖယ်ပြီး လက်ညှိုးဖြင့် နှုတ်ခမ်းသားကို ဖွဖွလေးထိကိုင်ဖြစ်သည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းများ။ ထိုနှုတ်ခမ်းသားများသည် မီးတောက်ငယ်များလို သူ့လက်ချောင်းထိပ်မှာ ပူလောင်နေသည်လေ။ သူ မျက်လုံးများကိုတင်းကြပ်စွာ မှိတ်ထားလိုက်မိသည်။ ခံစားချက်တစ်ခုချင်းစီကို အသွေးအသားထဲအထိ စိမ့်ဝင်သွားသည်အထိ မှတ်ထားချင်မိသည်။
သူ့ရင်ခွင်ထဲက ကောင်လေးသည် အသက်မှရှူရဲ့လားမသိ။
လည်ပင်းကုပ်သားကိုနောက်တစ်ကြိမ်ဖိနမ်းလိုက်ချိန်မှာ ရုန်းကြွတက်လာသော ကြက်သီးတစ်ချို့နှင့် ဒီမိုးယံအံကြိတ်လိုက်သည်ကို သူ သိသည်။
"မင်း သေချင်နေလား ထွဋ်ထွဋ်.."
ဒီမိုးယံ၏ အသံတိုးတိုးက အဖျားခတ်တုန်ချင်နေသည်။ ဒီမိုးယံ ရင်ဘတ်ပေါ်မှလက်များက အောက်လျှောဆင်းလာချိန် ဖတ်ခနဲဆွဲဖယ်တော့ သူ ရယ်မိသည်။
"ငါသာရှေ့မဆက်ရင် မင်းဒီညအိပ်လို့ရမှာမဟုတ်ဘူး။"
နောက်ထပ်အဖြေကို သူ မစောင့်။ ကြွက်သားအပြည့်နှင့် ၀မ်းဗိုက်သားကို အကျီင်္အကာအကွယ်မပါဘဲ ထိတွေ့ခွင့်ရအောင် သူ တိုးဝင်သွားသည်။
"သွေးသားလိုအပ်ချက်တစ်ခုလို့ပဲ သဘောထားလေ.. ဒီရာ။"
ဒီမိုးယံ မျက်နှာကို ခေါင်းအုံးထဲမြှုပ်သည်ထက်မြှုပ်အောင် လှည့်ချိန်မှာ သူ တိုးတိုးလေးပြောဖြစ်သည်။ ဒီမိုးယံထံမှ အဖြေမကြားရ။ ပြင်းသထက်ပြင်းလာသော အသက်ရှူသံကိုကြားရသည်။
မိနစ်ပိုင်းပင်မကြာလိုက်ပါ။
ဒီမိုးယံဆိုသည့် မာကျောခက်ထန်တတ်သည့် ကောင်လေး၏ ကျရှုံးခြင်း သို့မဟုတ် လွတ်မြောက်ခြင်းများက သူ့လက်များကြားတွင်ရှိနေသည်။ ဒီအတွက် သူ ပြန်ရသည့် ဆုလာဘ်က ဒီမိုးယံ၏ ခပ်ရိုင်းရိုင်းဆဲသံတစ်ခု။
YOU ARE READING
ဆူး
Romance(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။