အပိုင်း ၂

48.6K 3.4K 252
                                    

"ချာမကြီး.."

"ဘာချာမကြီးလဲ။"

"ဖြောင်း.."

"အား...ရား... နာတယ် ချာမကြီးရ။"

"ပီအောင်ခေါ်စမ်း။"

ဒေါ်ဝင်းကြည် မျက်မှန်ကိုပင့်ကာ ကြိမ်လုံးကို နောက်တစ်ကြိမ် ဝင့်တော့မှ ဒီမိုးယံ ခေါင်းပုသွားသည်။ ဒီမိုးယံရော၊ ရှိုင်းထွဋ်ပါ ကျောင်းအုပ်ဆရာမကြီးရုံးခန်းသို့ရောက်နေခြင်းဖြစ်သည်။ နှစ်ယောက်စလုံး ဒီရုံးခန်းကို မကြာခဏရောက်မြဲဖြစ်သောကြောင့် အိမ်ဦးနှင့်ကြမ်းပြင်ဟု ဆိုလျှင် မှားမည်မဟုတ်။ နှစ်ယောက်စလုံး ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်နေသလို သက်သောင့်သက်သာ ဒေါ်ဝင်းကြည်ရှေ့မှာ ထိုင်နေကြသည်။

ဒီမိုးယံ၏ ပါးကြီးတစ်ဖက် ရောင်ကိုင်းနေသည်မှာ မျက်စိတစ်ဖက်ပင် မှိတ်တော့မည်။ ဒါပေမယ့် အပိုးမသေသည့် မျက်နှာကတော့ မူမပျက်။ အခုလည်း ရုံးခန်းထဲရှိ သူမနှင့် မျက်နှာချင်းဆိုင်ထိုင်နေရတာတောင် လက်ချောင်းများက စားပွဲပေါ် တဒေါက်ဒေါက်ခေါက်ကာ ဒူးကနန့်နေသေးသည်။

နှုတ်ခမ်းထောင့်မှာ ညစ်ကျယ်ကျယ်အပြုံးကလည်း ရှိနေသေးသည်။

"ဆရာမကြီးကလည်းဗျာ။ ချစ်လို့ဟာကို။"

"စကားရှည်မနေနဲ့။"

"စားပွဲပေါ်က ဘောပင်ထည့်တဲ့ခွက်လေး ပြောင်းသွားတယ်နော်။"

ဒါကိုလည်း ဒီကောင်လေး သိသည်ပဲဖြစ်သည်။ ဒေါ်ဝင်းကြည် မျက်စောင်းထိုးကြည့်ပေမယ့် ဖြေမနေတော့။ သိတာလည်းမထူး။ နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါလောက် ရုံးခန်းရောက်နေမှတော့ သူမ ဖိနပ်ပါးလာပြီဆိုသည်ကအစ၊ မျက်မှန်ပါ၀ါတိုးသည်လျှော့သည်ကိုပါ သိသည်ပဲဖြစ်သည်။

"ထွဋ်လေး.. ငါတို့ဆရာမကြီးတောင် ဆံပင်တွေဖြူလာပြီ။"

ရှိုင်းထွဋ် ပခုံးကို သူ့ပခုံးနှင့်တိုက်ကာ ဒီမိုးယံ ပြောသည်။ စူးခနဲလှည့်ကြည့်သည့် ရှိုင်းထွဋ်အကြည့်က ဒီမိုးယံကို မျက်လုံးနှင့်ပင် အစိမ်းလိုက်ဖောက်သောက်ချင်ပုံ။ အခြေအနေကို သူမ ဝင်ထိန်းရန် ကြိုးစားရသည်။

ဆူးDonde viven las historias. Descúbrelo ahora