Thankyou all

27.2K 1.2K 61
                                    

ဒါကတော့ ဒုတိယအကြိမ်မြောက် ကျေးဇူးတင်စကား ရေးဖြစ်တာပါ။ ပြန်စစ်၊ ပြန်ပြင်၊ ပြန်တင်ရင်း တကယ့်ကို ကျေးဇူးတင်ရမယ့်သူလေးတွေကို ကျေးဇူးတင်ချင်လို့ပါ။ ဒါကတော့ ဖတ်ရှုအားပေးခဲ့ကြတဲ့ သူ တစ်ယောက်ချင်းစီနဲ့ လိုအပ်ချက်တွေကို ထောက်ပြကူညီပေးခဲ့သူတွေ အားလုံးကိုပါပဲ။ တကယ်ပဲ အရမ်းကို ကျေးဇူးတင်ပါတယ်။ ပထမအစအဆုံးရေးခဲ့တုန်းက စာဖတ်သူတွေ ထားခဲ့တဲ့ feedback တွေ၊ ခံစားချက်တွေဟာ အခုပြန်ပြင်တဲ့အချိန်မှာ လိုအပ်ချက်တွေကို သိဖို့၊ နားလည်ဖို့၊ ဖြည့်စွက်ဖို့ အကူအညီအများကြီး ဖြစ်စေတာပါ။

အစအဆုံးဖတ်ပြီးအားပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်သလို silent reader လေးတွေကိုပါ view လေးတစ်ခု ထားခဲ့ရုံနဲ့တင် ကျေးဇူးတင်တာပါ။ စာဖတ်သူတွေ ပြန်ပေးတဲ့ မေတ္တာဟာ တကယ့်ကို ခွန်အားပါ။ အမှန်တကယ်လည်း ခံစားရပါတယ်။ ကိုယ်ဝါသနာနဲ့ ကိုယ်စာရေးပေမယ့် ဒီလောက်မေတ္တာထားပေးကြတာကို တကယ်ကျေးဇူးတင်လို့မဆုံးပါဘူး။

ဆူး ဇာတ်လမ်းအတွက် လိုအပ်တဲ့အချက်အလက်တွေမှာ ကူညီရှာဖွေပေးခဲ့ကြတဲ့ @MiereTike , @Chu234 မျှော်ရစ်ဘုရားသမိုင်းအတွက်လည်း စာအုပ်စာတမ်းများ ရှာဖွေပို့ဆောင်ပေးခဲ့တဲ့ ညီမလေး၊ မောင်လေးတွေအားလုံးအပြင် ဆေး၂ နဲ့ပတ်သက်တဲ့ အဖြစ်အပျက်လေးတွေ လာရောက်ပြောပြပေးခဲ့တဲ့ ညီမလေးတို့နဲ့အတူ ဒီဇာတ်လမ်းအဆုံးအထိ အတူရှိနေပေးခဲ့ကြတဲ့ roleplay လေးတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

မမွန် ပြောခဲ့သလိုပဲ ဆူး ကို စရေးနေတုန်းက မဂ္ဂဇင်းတစ်ခုက စာမူလာတောင်းခဲ့လို့ သူတို့ကို လက်ဆောင်ပေးဖို့ ရည်စူးပြီးသားပါ။ မမွန်ဘက်က စာအုပ်ထုတ်တာဘာညာ မလုပ်ပါဘူး။ သူတို့အဖွဲ့အစည်းစိတ်တိုင်းကျ အသုံးပြုနိုင်ပါတယ်ဆိုပြီး လက်ဆောင်ပေးထားတာပါ။

နောက်လလောက်ဆိုရင် အဲဒီ့မဂ္ဂဇင်းမှာ အခန်းဆက်ဝတ္တုရှည်အနေနဲ့ စပြီး ပါဝင်လာလိမ့်မယ်လို့ သိထားပါတယ်။ မဂ္ဂဇင်းက အခမဲ့ပါ။ ဒီလိုမျိုး လက်ဆောင်ပေးခွင့်ရတာကို အရမ်းကိုပျော်မိတယ်။ မမွန်အတွက်ကတော့ စာရေးတယ်ဆိုတာ ခံစားချက်တွေ၊ အတွေးတွေ၊ စိတ်ကူးတွေကို ပုံဖော်တာပါပဲ။ စာဖတ်သူတွေကတော့ မျှဝေခံစားပေးသူလေးတွေပါ။ အလေးထားလို့သာ အချိန်ပေးပြီး ဖတ်ပေးကြတာပါ။ ဒီ့အတွက် အမြဲထာဝရကျေးဇူးတင်နေမှာပါ။

အားလုံးကိုချစ်ခင်လေးစားလျက်

အကြင်နာမွန်

၁၆.၀၇.၂၀၁၈

၀၄.၁၇

ဆူးOpowieści tętniące życiem. Odkryj je teraz