" Hacker Light ဆိုတာ မင်းလား ? "မျက်နှာတည့်တည့်က သေချာစိုက်ကြည့်လျက်
မေးနေသူ တီချယ်လေးကြောင့် ဖြေရတာတောင်
အာစေးတွေကပ်ပြီး ဘာအသံမှမထွက်။ခေါင်းသာငြိမ့်ပြရသည်။
" အ နေတာတော့ မဟုတ်ဘူးမလား ! "
ပိုပြီးနီးကပ်လာတဲ့ မျက်နှာချောချောက
ဘာအဖုအပိန့် အပြစ်အနာဆာမရှိ။" အ တာမဟုတ်ပါဘူး "
Baekhyun အဖြေကို မျက်မှောင်ကုတ်၍
ကြည့်နေတဲ့ တီချယ်လေးက ဘာကိုမကျေနပ်
နေမှန်းမသိ။Baekhyun ကိုကြည့်လျက် မဲ့ပြုံး
တစ်ခုနဲ့ လှည့်ထွက်သွားသည်။တီချယ်လေးရဲ့ သင်ကြားမှုက ထောက်လှမ်းရေးနဲ့
ကင်းထောက် ၊ Spy လုပ်ရမယ့် နည်းလမ်းတွေ
ဖြစ်သည်။ ပထမနေ့မို့ အကျဉ်းချုပ် သာပြောပြီး
ဂျူနီယာတစ်ယောက်အနေနဲ့ စီနီယာတွေကို
ဘယ်လိုဆက်ဆံရမလဲ ဆိုတာတွေပါ ပြောပြပေးသည်။ထမင်းအစ်လို့ အိပ်ချင်နေတဲ့ သူတွေအကုန်
မျက်လုံးအပြူသားနဲ့ ရအောင်နားထောင်နေ
ကြသည်။ မနားထောင်လို့လည်းမရ ။
တီချယ်လေး လက်ထဲက သုံးဆစ်တုတ်က
ကျား/မ မရွေး အိပ်ငိုက်တာတွေ့တာနဲ့
ကျောအရိုးပြုတ်တဲ့အထိ ဗျင်းတက်သည်။တီချယ်လေးအချိန်ပြီးတာနဲ့ Building 3
က ဟောခန်းကြီးဆီ ချီတက်ရသည်။Baekhyun ဘေးမှာ ထုံးစံအတိုင်း
Somei နဲ့ Arlu တို့က တီချယ်လေး
အကြောင်း အတင်းတုတ်ကြသည်။" မင်းကို တီချယ်လေးက တစ်ခုခုအစာမကြေနေပုံပဲ "
Arlu ကတွေးတွေးဆဆနဲ့ပြောတော့
Somei ကပါ ခေါင်းငြိမ့်ထောက်ခံသည်။" ငါနဲ့သူနဲ့ ခုမှသိတာ ။ ဘယ်လိုအစာမကြေဖြစ်ရတာလဲ "
" မင်းရဲ့ အရင် ex တွေထဲမှာရော တီချယ်လေးနဲ့
တူတာ မရှိဘူးလား "" ဟာ... ပေါက်တက်ကရ!
ငါ့မှာ ဘာ ex မှ မရှိဘူး...။
ငါက ငမ်းရုံငမ်းတာ မချစ်ဘဲ မတွဲတက်ဘူး "" သေချာလား...."
Somei ကပါ သေချာလားမေးတော့
Baekhyun တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်
ချင်သွားသည်။

YOU ARE READING
Unpretty Romance[ ChanBaek ]
FanfictionChanBaek Romance in Unpretty Life ( side couple - KaiHun )