30

47.9K 3.7K 112
                                    


ကားပေါ်ကနေ မဆင်းခင် အကုန်လုံးက
ကြိုက်ရာလက်နက် ရွေးပြီးနေပြီ ။

Baekhyun ကတော့ ရိုးရိုးလူရိုက်
ဘေ့စ်ဘောရိုက်တံတစ်ခုသာ ရွေးပြီး
အမူးပြေအောင် lollipop တစ်ချောင်း
ပါးစပ်ထဲသွင်းထားရသည် ။

" B4....ခေါင်းဆောင်ကြီးက ဆင်းခဲ့ခိုင်းတယ် "

ကားတံခါးဖွင့်ပေးလိုက်တော့ လိုဏ်းခေါင်းပါ
တံတားပျက်အနားမှာ ကားတွေရပ်ထားသည်ကို
တွေ့ရသည် ။

နောက်ဆုံးရပ်ထားတဲ့ မာစီးဒီး ကားနက်ကြီးဆီ
ရောက်သွားတော့ ကားပေါ်ကဆင်းလာတဲ့
ခေါင်းဆောင်ကြီး ။ ကုတ်အနက်အရှည်ကို
ဝတ်ဆင်ထားသည့် ဂိုဏ်းခေါင်းဆောင်ကြီး ။

" ခေါ်တယ်ဆို "

" ဒီည ဘယ်လိုမစ်ရှင်ဆ်ိုတာ သိပြီးပြီမလား..."

" အင်း...."

" မင်း သောက်ထားတာလား.."

Baekhyun အနား နှုခေါင်းတစ်ရှုံ ့ရှုံ ့နဲ့
မေးရင်း ပါးစပ်ထဲက Lollipop ကိုပါ
ဆွဲယူလိုက်သည် ။

" Hyung....ကျွန်တော် လူမသတ်လို့မရဘူးလား.."

ခိုကိုးရာမဲ့ ဖြစ်လာတိုင်း ခေါ်တက်တဲ့ နာမ်စားတစ်ခုနဲ့။

မျက်ဝန်းတွေမှာ တောင်းပန်နေတဲ့အရိပ်ယောင်တွေနဲ့။

မေးဖျားကို မော့ယူလိုက်ရင်း အနားရောက်အောင်
ဆွဲခေါ်လိုက်တော့ ခါးကိုဖက်တွယ်လာတဲ့လက်တွေ။
ရွေးချယ်လာတဲ့ တုတ်တံကိုတောင် လွှတ်ချလိုက်သေးသည်။

" မရဘူးဘေဘီ ! "

" Chan..."

" အမြဲ မှတ်ထား ။
ဒီလောကမှာ ကိုယ်က မသတ်ရင်
သူက ကိုယ့်ကို သတ်သွားမှာပဲ !
အမြဲ ကိုယ့်ဘက်က အသာစီးရှိနေရမှာ
ဒီလိုကြောက်နေရင် မင်း ၅မိနစ်တောင်
ခံမှာ မဟုတ်ဘူး ချက်ချင်း သေလိမ့်မယ် "

" ကျွန်တော့်ဘာသာ ခုခံမယ်လေ !
လူတော့ မသတ်...."

Baekhyun စကားမဆုံးခင် Chanyeol
ကိုင်နေကျ သေနတ်ပုံစံထဲက အရောင်မတူတဲ့
သေနတ်ကို Baekhyun လက်ထဲ ထည့်ပေး
လိုက်သည် ။

" Chan...ကျွန်တော်...."

" ငါနဲ့နေရတာ နောင်တ မရဘူးလို့ ပြောခဲ့တယ်မလား
ငါ့အတွက် လူသတ်ခိုင်းတာမဟူတ်ဘူး...
မင်း အသက်ရှင်ဖို့အတွက် မင်းကိုယ်တိုင်သတ်မှရမှာ !
သူသတ်တာခံမလား .. မင်းပဲ သတ်မလား......"

Unpretty Romance[ ChanBaek ]Where stories live. Discover now