26

58.1K 3.8K 282
                                        


လပတ် အရည်အချင်းစစ် ပွဲရောက်ဖို့ ၂ ရက်
လောက်သာ အချိန်ရှိပြီး နားချိန်ရော ၊ ကိုယ်ပိုင်
လေ့ကျင့်ခန်းလုပ်ချိန်ပါ ၂ ရက်အတွင်း လုပ်ရသည်။

Baekhyun အတွက်တော့ သွေးဆာနေတဲ့
သမန်းဝံပုလွေကြီးကို ရန်စလိုက်မိတဲ့အတွက်
နေ့တစ်ဝက်လောက်က အခန်းတွင်းအောင်း
နေလိုက်ရသည် ။

မွေ့ယာပေါ်ကနေ မဆင်းနိုင်ပဲ တစ်ချိန်လုံး
ဝမ်းလျားမှောက်ပြီး NoteBook တစ်လုံးနဲ့
အကို Jun ရဲ့ အမှုတွဲ အပြစ်အနာဆာ
တစ်ချို့ကို လိုက်ရှာနေမိသည်။

ဝမ်းလျားမှောက်ထားတာ ကြာလာတော့
နံရိုးတွေ ညောင်းကိုက်လာသည်... ။
မွေ့ယာပေါ် ဖြေးဖြေးချင်း ပက်လက်လှဲ
လိုက်တော့ တစ်ဆစ်ဆစ်နဲ့ နာကျင်နေတဲ့
မိမိရဲ့ တင်ပါးနှစ်ခြမ်း (╥﹏╥)

သူ့မျက်နှာနီးပါးလောက်ရှိတဲ့ လက်မောင်းအား
ကြီးတွေနဲ့ သူရဲ့အနုနယ်ဆုံး အပိုင်းတွေက်ို
ဘယ်နှစ်ချက်တွေမှန်းမသိအောင် အချခံခဲ့ရသလဲ။

Alpha ကြီးသည် သူစိတ်ကြိုက် စနောက်လို့
ရတဲ့ လူမဟုတ်ဘူး ဆိုတာတော့ တင်ပါးနှစ်ခြမ်း
က သက်သေပြသွားပြီ ။

Poor My Boo 😔

မှောက်ရက်ပြန်လှဲလိုက်ပြီး အနွေးဘောင်းဘီ
လေးကို ဆွဲချကြည့်လိုက်တော့ တစ်စွန်းတစ်စ
မြင်နေရတဲ့ နီနီရဲရဲ မက်မွန်သီး ကြီးကို
တွေ့လိုက်ရသည်။

Baekhyun ကြည့်နေတုန်း Chanyeol
ဝင်လာခဲ့တာတွေ့တော့ ချက်ချင်းဘောင်းဘီကို
ဆွဲတင်ပြီး အနားက ဂွမ်းစောင်နဲ့ပါ ဖုံးပစ်လိုက်
သည် ။ အနားရောက်လာတဲ့ Chanyeol
ကို ပြန်မကြည့်ပဲ Notebook screen
ကိုသာ ကြည့်နေလိူက်သည် ။

" အရမ်း နာသွားလား .... "

မေးရက်တာ ಥ_ಥ

Chanyeol ကုတင်အစွန်းမှာ ဝင်ထိုင်ပြီး
မေးပေမဲ့ Baekhyun က မျက်နှာသာ
ရှုံ ့မဲ့နေသည် ။

" မှန်း ... ကြည့်ရအောင် ..."

" ဘယ်...ဘယ်ကို ကြည့်ရမှာ "

Chanyeol ဂွမ်းစောင်ကို လှန်ကြည့်တော့မှ
Baekhyun အတင်းပြန်ဖုံးပြီး လှမ်းတားသည်။

" ဖယ်စမ်းပါ ... ဒီမှာ ဆယ်ဟွန်းပေးခဲ့တဲ့
ဆေး ထည့်ပေးမို့ "

Unpretty Romance[ ChanBaek ]Dove le storie prendono vita. Scoprilo ora