ဆောင်းရာသီမနက်ပိုင်း နှင်းထုကြီးကြားထဲ
ပြေးလွှားနေရတဲ့ ဂိုဏ်းသားတွေများစွာက
အတွင်းဝတ်မှာ ချွေးတွေရွှဲနစ်နေသည်။နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်းကြီးအလယ်မှာ
ဂိုဏ်းသားတွေဟာ ချမ်းစိမ့်တဲ့ရာသီဥတုရဲ့
မနက်ခင်းစည်းစိမ်ကိုမခံစားနိုင်ကြ။စီနီယာတွေမှာလည်း အေးချမ်းတဲ့မနက်ခင်းကို
စောင်ခြုံကြားထဲကွေးမနေရဲ ။ လေ့ကျင့်ရေး
ဆင်းနေသည့် ဂျုနီယာတို့ကို အမြဲမပြတ်
စောင့်ကြည့်နေရသည်..။ဂိုဏ်းခေါင်ဆောင်ကြီးမှာလည်း သူ့ရဲ့ တစ်ဦး
တည်းသော ထရိန်နီလေးကို လက်နက်တိုက်မှာ
မနက်စောစီး ထရိန်နင်ပေးနေသည်။အေးစက်လို့ထုံကျင်နေတဲ့ လက်ဖျားတွေက
မာကျောအေးခဲနေသည့်သေနတ်မောင်းတွေကို
အကြိ်မ်ကြိမ် တိုက်ချွတ်နေရတာကြောင့်
Baekhyun မျက်နှာက ပုပ်သိုးနေပြီ ။ရှေ့တည့်တည့်မှာ ရုပ်တည်ကြိီးနဲ့ထိုင်ကြည့်
နေတဲ့ အယ်ဖာကြီးကြောင့် ဘာမှလည်း
ဆက်မပြောရဲ ။ ကျည်ထိပ်ဖူးတွေရဲ့ model
No: တွေ သေနတ်တွေရဲ့ အလုပ်လုပ်ပုံကို
တစ်ခုချင်းစိီ စာအံသလိုရေရွတ်ပြရင်း
ခေါင်းဆောင်ကြီကို တင်ပြနေရသည်။မနေ့ညတည်းက သေနတ်အမျိုးအစားပေါင်း
များစွာကို ကျက်မှတ်ထားရပြီး မနက်ရောက်
ခါမှ လက်နက်တိုက်မှာ တစ်ခုချင်းစီ တင်ပြ
ပေးနေရသည်။" Chan....လက်တွေနာလာပြီ ! "
ပစ္စတိုတွေက ကိစ္စမရှိပေမဲ့ ရိုင်ဖယ်အကြီးစား
တွေကတော့ လက်တွေနာကျင်သည် ။သို့ပေမဲ့လည်း ရူတည်တည်နဲ့ ကြည့်နေတဲ့
ထိုခေါင်းဆောင်ကြီး ဆ်ိုသူသည် တစ်ခွန်းမှ
ပြန်မဟ ။ စကားပြောလိုက်တဲ့ မိမိသည်သာ
လျင် နံရံကြီးနဲ့ စကားပြောလိုက်ရသလို
ခံစားလိုက်ရသည် ။" ချမ်းတယ်လို့....ခဏနားပြီး ဆက်လုပ်မယ်လေ "
" ခုထိ ... ၂နာရီတောင် မကြာသေးဘူး "
စိတ်မရှည်တဲ့လေသံနဲ့ ပြန်ဖြေကြားလာပြီး
နေရာက မတ်တပ်ရပ်လိုက်တဲ့ Chanyeol
ကြောင့် Baekhyun လည်း သေနတ်တွေ
ကြားထဲက ထလာတော့သည်။
![](https://img.wattpad.com/cover/133386976-288-k328063.jpg)
YOU ARE READING
Unpretty Romance[ ChanBaek ]
FanfictionChanBaek Romance in Unpretty Life ( side couple - KaiHun )