44

40.3K 3.1K 294
                                    


တစ်စုံတစ်ယောက် သူ့ကို စူးစူးနင့်နင့်နဲ့ မကြည်သလို ကြည့်နေသလိုမျိုး ၊ စိတ်မရှည်သည့် သက်ပြင်းချသံ သဲ့သဲ့ကြောင့် သေချာသည် တစ်စုံတစ်ယောက်တော့ သူ့ကိုအမြင်မကြည်စွာ စိုက်ကြည့်နေပြီ ..၊၊

အိပ်ရေးမဝသေး၍ မျက်စိဖွင့်ဖို့ အားကမရှိ၊၊ ကမ္ဘာ ့အလေးဆုံး အရာတွေထဲမှာ မျက်ခွံလည်း ပါတာမို့ ပြူးပြဲကာ ဖွင့်ဖို့ ကြိုးစားလိုက်၏ ၊၊

" သောက်ပလုတ်တုတ်ကြီး !!!"

မရယ်မပြုံးမျက်နှာနှင့် လက်ပိုက်ကာ ဖင်တစ်စောင်း နောက်ပစ်လျက် အကြည့်စူးစူးနဲ့ စိုက်ကြည့်နေသူ အိုဆယ်ဟွန်းပင် ၊၊

အသည်းငယ်တက်သူပီပီ ဘီလူးလို မျက်စောင်းကြီးတွေ ကြောက်တက်သည်မို့ ယဉ်ယဉ်ကျေးကျေး ဆဲရေး ပေးလိုက်သည်၊၊

" မင်းဘိုးအေမို့ သူများအိပ်နေတာကို
သရဲသဘက် မျက်လုံးနဲ့ လာစိုက်ကြည့်နေရလား !"

သူ့အစ်ကိုကျေးဇူးနဲ့ အဝတ်မကပ်သည့် ခန္ဒာကိုယ်ကို စောင်ကြီးနဲ့ ဟိုကွယ်ဒီကွယ်လုပ်ရင်း ထထိုင်ရသည်၊၊

ကျေးဇူးရှင်က နှာခေါင်းတစ်ချက် ရှုံ ့ရင်း အကြည့်လွှဲ သွားလေသည်၊၊ သူ့ရဲ့ မျက်လုံးလေး မဖွယ်မရာတွေ မြင်သွားမှာစိုးရိမ်သည့်နှယ်၊၊

စကားတစ်ခွန်းမှ မဟသည့် ဆယ်ဟွန်းကြောင့် မနေနိုင်တဲ့ Baekhyun ကပဲ စကားစပြောရတော့သည်၊၊

" မင်းက ဘာလို့အစောကြီးရောက်လာတာလဲ"

" ငါစောနေတာမဟုတ်ဘူး!
မင်းတို့က မွှန်ပြီး နောက်ကျနေတာ !"

အမှန်တစ်ကယ်ပင် အချိန်သည် နေ့လည်စာ စားချိန်နားကပ်၍ နေပြီ၊၊ ထို့ကြောင့် သူနိုးလာချိန် Chanyeol ကို မတွေ့ရဘဲ ရွှေယောက်ဖ၏ legendary မျက်ဝန်းများနှင့် စတင် တွေဆုံတော့သည်၊၊

Baekhyun အရှက်ပြေရယ်ပြလိုက်ရင်း

" မင်းတစ်ယောက်တည်းလား ဒုဒေါင်းဆောင်ရော"

" မသိဘူး !"

" ဟင် ..?"

" မသိဘူးဆို မသိဘူးပေါ့ !
သူနဲ့ တမင်မတွေ့အောင် လာပါတယ်ဆို "

Unpretty Romance[ ChanBaek ]Where stories live. Discover now